ငါ့သရောက်မြို့နယ်၊ ကုလားတဲရွာ အ.ထ.က‌(ခွဲ)ကျောင်း ကို PDF အကြမ်းဖက်သမားများက ကျောင်းမဖွင့်ရန် ခြိမ်းခြောက်နေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ငါ့သရောက်မြို့နယ်၊ ကုလားတဲရွာ အ.ထ.က‌(ခွဲ)ကျောင်း ကို PDF အကြမ်းဖက်သမားများက ကျောင်းမဖွင့်ရန် ခြိမ်းခြောက်နေ


ညောင်ဦး၊ ဇွန် ၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နယ်ခွဲ၊ ကုလားတဲရွာ အ.ထ.က‌(ခွဲ)ကျောင်း ကို ယနေ့ နံနက်ပိုင်း PDF အကြမ်းဖက်သမားများက ကျောင်းဖွင့်နေသည်ထင်၍ လာဝိုင်းထားကြောင်း သိရသည်။

ဒေသခံ၏ ဆက်သွယ်ပြောကြားချက်အရ "ငါ့သရောက်မြို့ အနောက်မြောက်ဘက် နှစ်မိုင်ကျော် ဝေးတဲ့ ကုလားတဲရွာထဲကို PDF အကြမ်းဖက်သမား(၃၀)ခန့် ဒီနေ့ ၃.၆ .၂၀၂၅မနက်(၈)နာရီကျော်လောက်မှာရောက်လာပါတယ်။ ကုလားတဲ အ.ထ.က‌(ခွဲ)ဖွင့်တယ်ထင်ပြီး ကျောင်းကိုလည်း ဝိုင်းထားပါတယ်။ ဘယ်သူမှမတွေ့လို့ ရွာထဲကလူတွေကို ကျေားမဖွင့်ဖို့၊ ဖွင့်ရင် ဗုံးချမယ်လို့ခြိမ်းခြောက်ပါတယ်။ ပုဂံမြို့သစ် ဂန့်ဂါ ဘက်ဖြစ်စဉ်မှာပါတဲ့ အကြမ်းဖက် သမားတွေက ငါ့သ‌ရောက်နယ်၊ အိုရင်းရွာအနီးနဲ့ သနပ်ပင်၊ ကမ္မ၊ အိုင်ကြီးတွေဘက်မှာ အခြေချလှုပ်ရှားတဲ့အဖွဲ့တွေပါ။ သူတို့သွားတဲ့လမ်းကြောင်းက ဖလန်ကန်ကူတောရွာတောင်ဘက်ကနေ အနောက်တောင်တောရွာကိုဖြတ်ပြီး ကျောက်ပန်းတောင်း - ညောင်ဦးလမ်းပေါ် ရွှေလှိုင်းရွာအနီးကနေ အနောက်ဂန့်ဂါဘက်ကို ဖြတ်လမ်းကနေသွားကြတာပါ။ သူတို့ စခန်းအခြေပြုနေရာတွေက ငါ့သရောက် အရှေ့တောင်ဘက် အိုရင်းရွာအနီးနဲ့၊ ငါ့သရောက်အ‌ရှေ့မြောက်ဘက် သနပ်ပင်၊ ကမ္မ၊ အိုင်ကြီးရွာအနီးဝန်းကျင်တွေမှာ အခြေချနေတာပါ။ ဂန့်ဂါဘက်ကိုအသွားတုန်းက လိုက်ထရပ်ကားနဲ့သွားပြီး အပြန်ဆိုင်ကယ်တွေနဲ့ရော ကားနဲ့ရောပြန်လာကြတာပါ။ အိုရင်းဘက်ကိုပြန်လာတာပါ" ဟု အကြမ်းဖက်သမားများ အခြေပြုလှုပ်ရှားမှုအခြေအနေနှင့် ပတ်သက်၍ ပြောသည်။

ဆက်လက်၍ PDF အကြမ်းဖက်သမားများ၏ ဖမ်းဆီးခြင်း ခံရသော ငါ့သရောက်ဈေး၊ ငါးဆိုင်မှ ဦးလှမြတ်နိုင် အသတ်ခံလိုက်ရပြီ ဖြစ်ကြောင်း၊ ရုပ်အလောင်း ပြန်မရခဲ့ကြောင်း၊ PDF အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုကြောင့် ငါ့သရောက်မြို့ဝန်းကျင်မှ သေဆုံးသူ ၂၀ ကျော် သွားပြီ ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)