အထက်မင်းလှ၊ ဇွန် ၁၆
မကွေးတိုင်း၊ အထက်မင်းလှ၊ လက်ပံတံခါး အနောက်ဘက်တွင် PDF စခန်းများ ရှိနေပြီး လူသစ်ခေါ်ယူ သင်တန်းပေးရန် စီစဉ်နေကြောင်း အကြမ်းဖက်မှုကို မလိုလားသည့် ဒေသခံတစ်ဦး က ဆက်သွယ်သတင်းပေးပို့ထားသည်။
ဆက်သွယ်သတင်းပေးပို့ရာတွင် "မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်မှာ PDF တွေ တအားသောင်းကျန်းနေပါတယ်။ ဒေသခံပြည်သူလူထုကိုလည်း ဒုက္ခအတော်ပေးနေပါတယ်။ အသက်ခံရမှာကြောက်လို့ ဘယ်မှမတိုင်ရဲပါဘူး။ အထက်မင်းလှမြို့နယ်၊ လက်ပံတံခါးတိုက်နယ်မှာ ရဲစခန်းရှိပါတယ်။ ကြောက်လို့ ဘာမှမလုပ်နိုင်ပါဘူး။ လက်ပံတံခါး ပတ်ပတ်လည်နားကရွာတွေကို တစ်အိမ်ဆန်တစ်အိပ် ပဲတစ်ခွဲ ငွေ၃သောင်း လစဉ်ပေးဆောင်နေရပါတယ်။ ဘယ်မှလဲမတိုင်ရဲဘူး။ အသက်ခံရမှာကြောက်လို့ +++ က ရှိနေတော့ဘယ်ရွာက ဘယ်သူတိုင်တယ်ဆိုတာ တန်းပီးပေါ်တာ။ အခုလောလောဆယ် အထက်မင်းလှမြို့နယ်၊ လက်ပံတံခါး အနောက်က ဂျိုးစမ်းရွာကို ရွာသား ၁၀ယောက်တောင်းနေပါပြီ။ PDFသင်တန်းပေးမလို့ ခေါ်နေတာပါ။" ဟု ဆက်သွယ်ပေးပို့ထားသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment