အထက်မင်းလှ လက်ပံတံခါး အနောက်ဘက်တွင် PDF စခန်းများ ရှိနေပြီး လူသစ်ခေါ်ယူ သင်တန်းပေးရန် စီစဉ်နေ - Myanmar National Post

Myanmar National Post

News Agency

Breaking

အထက်မင်းလှ လက်ပံတံခါး အနောက်ဘက်တွင် PDF စခန်းများ ရှိနေပြီး လူသစ်ခေါ်ယူ သင်တန်းပေးရန် စီစဉ်နေ





အထက်မင်းလှ၊ ဇွန် ၁၆

မကွေးတိုင်း၊ အထက်မင်းလှ၊ လက်ပံတံခါး အနောက်ဘက်တွင် PDF စခန်းများ ရှိနေပြီး လူသစ်ခေါ်ယူ သင်တန်းပေးရန် စီစဉ်နေကြောင်း အကြမ်းဖက်မှုကို မလိုလားသည့် ဒေသခံတစ်ဦး က ဆက်သွယ်သတင်းပေးပို့ထားသည်။

ဆက်သွယ်သတင်းပေးပို့ရာတွင် "မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်မှာ PDF တွေ တအားသောင်းကျန်းနေပါတယ်။ ဒေသခံပြည်သူလူထုကိုလည်း ဒုက္ခအတော်ပေးနေပါတယ်။ အသက်ခံရမှာကြောက်လို့ ဘယ်မှမတိုင်ရဲပါဘူး။ အထက်မင်းလှမြို့နယ်၊ လက်ပံတံခါးတိုက်နယ်မှာ ရဲစခန်းရှိပါတယ်။ ကြောက်လို့ ဘာမှမလုပ်နိုင်ပါဘူး။ လက်ပံတံခါး ပတ်ပတ်လည်နားကရွာတွေကို တစ်အိမ်ဆန်တစ်အိပ် ပဲတစ်ခွဲ ငွေ၃သောင်း လစဉ်ပေးဆောင်နေရပါတယ်။ ဘယ်မှလဲမတိုင်ရဲဘူး။ အသက်ခံရမှာကြောက်လို့ +++ က ရှိနေတော့ဘယ်ရွာက ဘယ်သူတိုင်တယ်ဆိုတာ တန်းပီးပေါ်တာ။ အခုလောလောဆယ် အထက်မင်းလှမြို့နယ်၊ လက်ပံတံခါး အနောက်က ဂျိုးစမ်းရွာကို ရွာသား ၁၀ယောက်တောင်းနေပါပြီ။ PDFသင်တန်းပေးမလို့ ခေါ်နေတာပါ။" ဟု ဆက်သွယ်ပေးပို့ထားသည်။


https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)