ပေါင်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်





ပေါင်၊ ဇွန် ၁၆      

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ  အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ ၌လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့ နံနက် (၉)နာရီက ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာများ ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးထင်လင်းအောင် က ယခုရာသီသည်  မိုးရာသီဖြစ်သည့်အတွက် သဘာဝဘေးများဖြစ်သည့် ရေကြီးခြင်း၊ မြေပြိုခြင်းအပြင် မုန်းတိုင်းဘေးတွေကို သတိထားပြီး ဂရုစိုက်နေထိုင်ကြပါရန်နှင့် သဘာဝဘေးနှင့်ပတ်သက်၍ထူးခြားမှုဖြစ်လာပါက အချိန်နှင့်တပြေးညီ  သတင်းပေးပို့ကြပါရန် ဌာနဆိုင်ရာများအနေဖြင့် မိမိရုံးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ကြပါရန်၊ရုံးလုပ်ငန်းအဖြင့်မိမိမြို့ရွာဖွံ့ဖြိုးတိုးတက်စေရန် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်းပြီးဒေသဖွံ့ဖြိုးတိုးတက်ရေးကိုအားကြိုးမာန်တက်ကြိုးစားပြီးပူးပေါင်းဆောင်ရွက်ကြပါရန်ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးကျော်နိုင်ဦးကလုပ်ငန်းများဆောင်ရွက်ရာတွင်မိမိလုံခြုံရေးကို ဂရုစိုက်ဆောင်ရွက်ရန်၊အတွင်းရေးမှူး ရဲမှူးမြင့်ဇော်ဦး က ဌာနဆိုင်ရာများအနေဖြင့် လိုင်စင်မဲ့မော်တော်ယဉ်များကို အသုံးမပြုကြပါရန် နှင့်မိမိကျန်းမာရေးနှင့် ပြည်သူများ၏ ကျန်းမာရေးကို ဂရုစိုက်ကြပါရန် ပြောကြားဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသောမြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများက သိလိုသည်များကိုမေးမြန်းခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင် နှင့်အဖွဲ့ဝင် တို့က ပြန်လည်ဖြေကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


မွန်မလေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)