ဇွန် - ၁၆ ( တနင်္လာနေ့ )
အီဂျစ်ရေနံကော်ပိုရေးရှင်း (EGPC) သည် အနောက်သဲကန္တာရရှိ အဘူဆန်နန် တွင် ရေနံရှာဖွေတွေ့ရှိမှု အသစ်တစ်ခုကို ပြုလုပ်ခဲ့ကြောင်း အီဂျစ်ရေနံနှင့် ဓာတ်သတ္တုအရင်းအမြစ်ဝန်ကြီးဌာနက တနင်္ဂနွေနေ့တွင် ကြေညာခဲ့ပါတယ်။
GPR-1X တွင်းသစ်မှ ပဏာမစမ်းသပ်မှုရလဒ်များသည် နေ့စဉ် ရေနံစိမ်းစည်ပေါင်း ၁၄၀၀ အထိ နှင့် ဘာဟာရီယာ တွင်းမှ တစ်ရက်ကို သဘာဝဓာတ်ငွေ့ ကုဗပေ တစ်သန်းခန့်အထိ ထုတ်လုပ် နိုင်တယ်လို့ ဝန်ကြီးဌာန ရဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
ရှာဖွေတွေ့ရှိမှုက အီဂျစ်နိုင်ငံ ရေနံသိုက်တွေထဲ ထွက်ရှိနေတဲ့ ရေနံစည်ပမာဏကို စည်ပေါင်း နှစ်သန်းရောက်အောင် ပေါင်းထည့်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။ EGPC ဥက္ကဋ္ဌ မိုဟာမက် အဘယ်ဒယ် မာဂျစ် က အဆိုပါ တွင်းသည် လက်ရှိတွင် ထုတ်လုပ်ရေးအတွက် စမ်းသပ်ဆဲဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။
မတ်လတွင် ပြုလုပ်ခဲ့သော EGPC ရှာဖွေတွေ့ရှိမှုအပြီး လွန်ခဲ့သည့်သုံးလအတွင်း အဲ့ဒိ ဧရိယာတွင် ရှာဖွေတွေ့ရှိမှုက ဒုတိယမြောက်ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ အနောက်သဲကန္တာရသည် ၎င်း၏လျှို့ဝှက်ချက်အားလုံးကို ထုတ်ဖော်မပြသေးကြောင်း အလေးပေးဖော်ပြပြီး ခေတ်မီနည်းပညာကို အသုံးချခြင်းဖြင့် ရှာဖွေရေးလမ်းကြောင်းသစ်များကို ဖွင့်လှစ်ပေးလိုက်တာဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
အီဂျစ်သည် မကြာသေးမီနှစ်များအတွင်း နိုင်ငံအတွင်း ကြီးကြီးမားမား ရှာဖွေတွေ့ရှိမှုများ ပြုလုပ်ပြီးနောက် ရေနံနှင့် သဘာဝဓာတ်ငွေ့ရည်အတွက် ဒေသတွင်း ကုန်သွယ်မှုဗဟိုချက်ဖြစ်လာရန် ရည်မှန်းထားပြီး မြေထဲပင်လယ်အတွင်းရှိ ဇိုဟာရာ ကမ်းလွန် ဓာတ်ငွေ့တွင်းမှ ဓာတ်ငွေ့ ကုဗပေ ၃၀ ထရီလျံခန့် ရရှိထားတယ်လို့ သိရပါတယ်။
REF: CGTN
https://t.me/MyanmarNationalPost
No comments:
Post a Comment