အခြေခံကွန်ပျူတာ ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်(၂/၂၀၂၅)၊ အဆင့်မြင့်ရုံးသုံးကွန်ပျူတာကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် (၂/၂၀၂၅) နှင့် Power Point၊ Zoom Meeting နှင့် Video Conferencing အသုံးပြုနည်းသင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အခြေခံကွန်ပျူတာ ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်(၂/၂၀၂၅)၊ အဆင့်မြင့်ရုံးသုံးကွန်ပျူတာကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် (၂/၂၀၂၅) နှင့် Power Point၊ Zoom Meeting နှင့် Video Conferencing အသုံးပြုနည်းသင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ




ရန်ကုန်၊ ဇွန် ၁၀

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးဖွင့်လှစ်သော အခြေခံကွန်ပျူတာ ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်(၂/၂၀၂၅)၊ အဆင့်မြင့်ရုံးသုံးကွန်ပျူတာကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် (၂/၂၀၂၅) နှင့် Power Point၊ Zoom Meeting နှင့် Video Conferencing အသုံးပြုနည်းသင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက သင်တန်းဆင်းအမှာစကားပြောကြားရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြည်ထောင်စုအဆင့် e-Government ဦးဆောင်ကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ လူစွမ်းအားအရင်းအမြစ်ဖြစ်သည့် နည်းပညာကျွမ်းကျင်သည့် ဝန်ထမ်းများရရှိနိုင်မှုနှင့် ပြည့်စုံမှု (ICT Skill Availability)များ တိုးတက်စေရေးအတွက် အလေးထားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ e-Government Training Center တွင် ၂၀၂၂ ခုနှစ်မှ စတင်ပြီး ကွန်ပျူတာသင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီးအဆင့်ဌာနများမှ ဝန်ထမ်းများ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှ ဝန်ထမ်းများကို ကွန်ပျူတာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးမှုအနေဖြင့် အခြေခံကွန်ပျူတာကျွမ်းကျင်မှုသင်တန်း(၁၄)ကြိမ် သင်တန်းသား/သင်တန်းသူ(၃၄၈)ဦး၊ အဆင့်မြင့် ရုံးသုံးကွန်ပျူတာကျွမ်းကျင်မှုသင်တန်း(၂၅)ကြိမ် သင်တန်းသား/ သင်တန်းသူ(၇၅၂)ဦး၊ လက်တွေ့ အသုံးချ ကွန်ပျူတာကျွမ်းကျင်မှုသင်တန်း(၂၀)ကြိမ် သင်တန်းသား/ သင်တန်း သူ(၃၉၄)ဦး၊ EDMS/ GPMS အသုံးပြုနည်းသင်တန်း(၄)ကြိမ် သင်တန်းသား/သင်တန်းသူ  (၁၃၅)ဦး Power Point/ Zoom Meeting နှင့် Video Conferencing အသုံးပြုနည်းသင်တန်း(၇)ကြိမ် သင်တန်းသား/သင်တန်းသူ (၁၇၉)ဦးနှင့် ဆရာဖြစ်သင်တန်း(၁ ကြိမ် သင်တန်းသား/ သင်တန်းသူ (၂)ဦး သင်တန်းစုစုပေါင်း (၇၁)ကြိမ် ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီး ဌာနဆိုင်ရာများအတွက် အကျိုးပြုမည့် ဝန်ထမ်းသင်တန်းသား/ သင်တန်းသူ (၁၈၁၀)ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း စသည်တို့ကို ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက သင်တန်းကြီးကြပ် ဆရာ/ ဆရာမများနှင့် သင်တန်းနည်းပြ ဆရာ/ဆရာမများအား အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ယင်းနောက် အခြေခံကွန်ပျူတာ ကျွမ်းကျင်မှု သင်တန်းအမှတ်စဉ်(၂/၂၀၂၅)၊ အဆင့်မြင့်ရုံးသုံး ကွန်ပျူတာကျွမ်းကျင်မှု သင်တန်းအမှတ်စဉ်(၂/၂၀၂၅)နှင့် Power Point၊ Zoom Meeting နှင့် Video Conferencing အသုံးပြုနည်းသင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုများ ရရှိခဲ့ကြသူများနှင့် သင်တန်းဆင်းလက်မှတ်များကို သင်တန်းသား၊ သင်တန်းသူများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုးက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


ဇွဲထက်ကို 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)