နေပြည်တော်၊ ဇွန် ၂၄
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ ယာယီရုံး အကြီးအကဲ Ms. Vanessa May ဦးဆောင်သောအဖွဲ့အား ယမန်နေ့က အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဝန်ကြီးဌာနနှင့် UNOCHA အဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ နိုင်ငံတော်မှ ဆောင်ရွက်နေသည့် ငလျင်ဘေး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ရုံးနှင့် ဝန်ထမ်းအိမ်ရာများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံက အသင့်တပ်ဆင်အသုံးပြု နိုင်သည့် ယာယီရုံးခန်း (Prefabricated Office) နှင့် ယာယီဝန်ထမ်းအိမ်ရာ (Prefabricated House) လှူဒါန်းထားရှိမှု အခြေအနေများ၊ AHA Centre မှ လှူဒါန်းသည့် ယာယီစာသင်ကျောင်းဆောင်များ (Prefabricated School) ဆောက်လုပ်ပြီးစီးမှု၊ UNOCHA ၏ ဝန်ထမ်း ရေးရာကိစ္စရပ်များနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့်ကိစ္စများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment