အနောက်ဖက်ကမ်းဒေသတစ်ခုလုံးကို အပြီးသိမ်းဖို့ နေတန်ယာဟုကို အမတ်တွေ တောင်းဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အနောက်ဖက်ကမ်းဒေသတစ်ခုလုံးကို အပြီးသိမ်းဖို့ နေတန်ယာဟုကို အမတ်တွေ တောင်းဆို


ဇူလိုင် - ၄ ( သောကြာနေ့ ) 

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုရဲ့ လီကွတ်ပါတီမှ ဝန်ကြီးအဖွဲ့တစ်ဖွဲ့က လမကုန်မီ အနောက်ဘက်ကမ်းဒေသကို အပြီးသိမ်းပိုက်ရန် ၎င်းအား တောင်းဆိုခဲ့ပါတယ်။ အစိုးရအဖွဲ့ဝင် ဝန်ကြီး ၁၅ ဦးအပြင် လွှတ်တော်ဥက္ကဋ္ဌ အေမာ အိုဟာနာ  က အဆိုပါဒေသတွင် ပါလက်စတိုင်းနိုင်ငံ ထူထောင်လာခြင်းက အစ္စရေးတွေရဲ့  အခြေချနေထိုင်ရေးမူဝါဒကို ခြိမ်းခြောက်လာနိုင်တဲ့အတွက်ကြောင့် အပြီးသိမ်းဖို့အတွက် လက်မှတ်ထိုး စာပို့ခဲ့တာပဲ ဖြစ်ပါတယ်။ 

ပါလီမန် ရဲ့ နွေရာသီအစည်းအဝေး မပြီးဆုံးမီ ဇွန် ၂၇ ရက်နေ့ကတည်း အဲ့ဒိတောင်းဆိုစာကို ဝန်ကြီးချုပ်ထံကို ပို့ထားပြီးခဲ့ပြီး ဖြစ်ပါတယ်။ လက်ရှိဖြစ်ပွားခဲ့တဲ့ အီရန် နဲ့ စစ်အပြီးမှာ ဒေသတွင်းမှာရှိတဲ့ အစ္စရေးဆန့်ကျင်ဘက်အဖွဲ့အစည်းတွေ အားနည်နေချိန်မှာ အခုလိုမျိုး လုပ်ငန်းစဉ်တွေကို အချိန်ကိုက် လုပ်ဆောင်သင့်ကြောင်းကိုလည်း အကြံပြုထားပါတယ်။ 

အောက်တိုဘာ ၇ ရက် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် ဒေသတွင်း ပါလက်စတိုင်း ဦးရေ တိုးပွားလာခြင်းက အစ္စရေးရဲ့ ဖြစ်တည်မှုကို အန္တရာယ် ရှိနေကြောင်း သက်သေပြပြီးပြီ ဖြစ်လို့ အနောက်ဖက်ကမ်းဒေသတစ်ခုလုံး ကို အစ္စရေး အချုပ်အခြာထဲကို လုံးလုံးထည့်ထားဖို့အချိန်ကျပြီး ဖြစ်ကြောင်း ဝန်ကြီးတွေက ပြောထားပါတယ်။ 

လီကွတ် ပါတီဝင် မဟုတ်တဲ့ ဘဏ္ဍာရေးဝန်ကြီးဘီဇယ်လယ်စမိုထရစ် က အဆိုပါလုပ်ဆောင်မှုကို ချီးကျူးခဲ့ပြီး အနောက်ဘက်ကမ်းရှိ အစ္စရေးအခြေချအုပ်ချုပ်ရေးသည် အစိုးရအမိန့်ကို လိုက်နာရန်နှင့် အနောက်ဘက်ကမ်းကို မည်သည့်အချိန်တွင်မဆို ဂျေရုဆလင်၏ ထိန်းချုပ်မှုကို ထူထောင်ရန် အသင့်ရှိကြောင်း အခိုင်အမာပြောကြားခဲ့ပါတယ်။ 

"သူ [နေတန်ယာဟု] က အမိန့်ပေးသည့်နေ့မှာ ကျနော်ခေါင်းဆောင်ပြီး အစ္စရေး အခြေချနေထိုင်ရေး အုပ်ချုပ်ရေးအဖွဲ့က အချုပ်အခြာအာဏာကို ချက်ခြင်းအကောင်အထည်ဖော်ရန် အဆင်သင့်ဖြစ်နေပါပြီ" လို့ ပြောသွားပါတယ်။


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)