ဥတ္တရသီရိရေလှောင်တမံ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလပြီးစီးရေးကြိုးပမ်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဥတ္တရသီရိရေလှောင်တမံ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလပြီးစီးရေးကြိုးပမ်းဆောင်ရွက်


နေပြည်တော်၊ ဇူလိုင် ၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယ ဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့်အတူ ယမန်နေ့က နေပြည်တော်စည်ပင်သာယာရေး ကော်မတီက တာဝန်ယူထိန်းသိမ်းထားသည့် ဥတ္တရသီရိမြို့နယ် ကျောက်အိုးချောင်းပေါ်ရှိ ဥတ္တရသီရိရေလှောင်တမံ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ယာယီရေတားတမံ (Ring Bund) မြေဖို့ခြင်းလုပ်ငန်း၊ အရေးပေါ်ရေပိုလွှဲတူးဖော်ခြင်းလုပ်ငန်း၊ အရေးပေါ်ရေပိုလွှဲအထွက်မြောင်း တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရေထုတ် ပြွန်အတွင်းပိုင်းသို့ စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့မှုအခြေအနေနှင့် ဆက်လက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ရေထုတ်ပြွန်ရေစိမ့်နေသော နေရာကို အမြန်ဆုံး ပြန်လည်ပိတ်ဆို့နိုင်ရေး ဆောင်ရွက်ရန်နှင့် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ရေသို လှောင်ထားရှိနိုင်ရေး၊ ဥတ္တရသီရိရေလှောင်တမံ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို စံချိန်စံညွှန်း နှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး ဆွေးနွေးမှာကြား သည်။

မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးနှင့် နောက်ဆက်တွဲ ငလျင်ငယ်များ ကြောင့် ရေထုတ်ပြွန်မှ ရေယိုစိမ့်မှုနှင့် မြေသားတမံ၏ ဖို့မြေထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် ဥတ္တရ သီရိရေလှောင်တမံ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ရေထုတ်ပြွန်ရေယို စိမ့်သည့်နေရာများအား ကွန်ကရစ်ဖြင့် ပြန်လည်ပိတ်ဆို့ခြင်း ၊ တမံပိုမိုတောင့်တင်းစေရန် အားဖြည့် မြေဖို့ခြင်း၊ ရေထုတ်ပြွန်နှင့် ထိစပ်လျက်ရှိသော တမံမြေသားများကို ပိုမိုတောင့်တင်း ကြံ့ခိုင်စေရန်နှင့် ရေလုံစေရန်အတွက် ရေထုတ်ပြွန်တစ်လျှောက် ဘိလပ်မြေသရွတ် မှုတ်သွင်းခြင်းလုပ်ငန်းကို ဆောင် ရွက်သွားမည်ဖြစ်ပြီး အရေးပေါ်ရေပိုလွှဲအား တမံဘေးကင်းလုံခြုံ စိတ်ချစေနိုင်ရေးအတွက် စနစ် တကျထိန်းညှိ အသုံးပြုနိုင်ရန် ရေတံခါးတပ်ရေပိုလွှဲ (Gated Spillway) တစ်ခု ထည့်သွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)