ပြင်ဦးလွင်မြို့နယ်အတွင်း ကွက်စိတ်များ တိုးလာသည့် အခြေအနေ
(ယမန်နေ့က ပြင်ဦးလွင်မြို့နယ်၊ ပင်လိန်ရွာအနီး စိုက်ပျိုးမြေများပေါ်မှာ ကွက်စိတ်များ ရိုက်ရောင်းနေတာကို ဒေသခံက အိတ်ဖွင့်ပေးစာ ရေးသားပေးပို့တဲ့အတွက် ဖော်ပြပေးခဲ့ပါတယ်။ ဆက်လက်ပေးပို့လာသည်များကို ဖော်ပြပေးပါမယ်။)
ယမန်နေ့က ဖော်ပြခဲ့သည်မှာ ပြင်ဦးလွင်မြို့နယ်၊ အရှေ့ပင်လိန်မှ ကွက်စိတ်များ ဖြစ်ပါတယ်။
ယခု ဆက်လက် ဖော်ပြမှာက ပြင်ဦးလွင်မြို့နယ်၊ ပင်လိန်ရွာအနီး -
အစိမ်းတွေနဲ့ကာနေကြတာ မီးသွေးဖိုရွာအဝင် ပင်လိန်ရွာ အဆုံး က ယာမြေတွေကို ကွက်စိတ်ရိုက် ထားတဲ့နေရာပါ ။ ခု သူတို့က အစိမ်းတွေနဲ့ ကာနေကြတယ်။
ဒါက ပင်လိန်အရှေ့ရွာနဲ့ အလယ်ရွာကြားက လက်ရှိလုပ်နေတဲ့ ကွက်စိတ် အသစ်စက်စက် လုံးဝရပ်နားခြင်းမရှိ ဆက်လက် လုပ်ဆောင်တာပါ။
(ပြင်ဦးလင်မြို့နယ်တွင် စိုက်ပျိုးမြေများကို ခွင့်ပြုထားခြင်းမရှိဘဲ အခြားနည်းသုံးစွဲခြင်း မပြုဖို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က လမ်းညွှန်ထားပါတယ်။)
https://t.me/MyanmarNationalPost
No comments:
Post a Comment