ဇူလိုင် - ၇
တယ်လီဂရက် သတင်းဌာနက ၎င်းတို့ရရှိခဲ့တဲ့ ရေဒါသတင်းအချက်အလက်များအရ ၁၂ ရက်ကြာစစ်ပွဲအတွင်း အစ္စရေး နိုင်ငံတစ်ဝှမ်းရှိ အဓိကစစ်ဘက်နေရာအများအပြားကို အီရန်ဒုံးကျည်များ ထိမှန်ခဲ့တာကို အစ္စရေးစစ်တပ်က ဖုံးကွယ်ထားကြောင်းဖော်ပြခဲ့ပါတယ်။
ဂြိုလ်တုရေဒါကို အသုံးပြု၍ ဗုံးအပျက်အစီးများကို ခြေရာခံသည့် အော်ရီဂွန်ပြည်နယ် တက္ကသိုလ်မှ သုတေသီများ ထံမှ ပေးပို့သော အချက်အလက်များအရ အီရန်ဒုံးကျည် ခြောက်စင်းသည် အစ္စရေး၏ မြောက်၊ တောင်နှင့် အလယ်ဗဟိုရှိ စစ်ဘက်ဆိုင်ရာ အဆောက်အအုံငါးခုကို ထိမှန်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။ ထိခိုက်ပျက်စီးမှု အတိုင်းအတာကို မသိရသေးပါ။ ဒါပေမဲ့ ပြင်းထန်သော စစ်ရေးဆိုင်ရာဆင်ဆာ ဖြတ်တောက်မှုကြောင့် လူသိရှင်ကြား သတင်းမပို့ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။ အဆိုပါကိစ္စရပ်အပေါ် ဖိအားပေးသည့် အခါ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ပြီး “သက်ဆိုင်ရာတပ်ဖွဲ့အားလုံးသည် စစ်ဆင်ရေးတစ်လျှောက်လုံး လုပ်ဆောင်နိုင်မှုအား ဆက်လက်ထိန်းသိမ်းထားနိုင်တယ်” လို့သာ ပြောဆိုခဲ့ပါတယ်။
တယ်လီဂရက်က ကိုးကားဖော်ပြတဲ့ ခွဲခြမ်းစိတ်ဖြာချက်တွင် အစ္စရေးနှင့် အမေရိကန်တို့ရဲ့ လေကြောင်းရန် ကာကွယ်ရေးများက ယေဘူယျအားဖြင့် ဝင်လာသော ပစ်ခတ်မှုအများစုကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ပေမဲ့ ခုနစ်ရက်မြောက်နေ့က အစ္စရေး စစ်စခန်းတွေဆီကို ထိုးဖောက်ဝင်ရောက်လာတဲ့ ဒုံးကျည်များရဲ့ ၁၆ % ကို မကာကွယ်နိုင်ခဲ့ဘူးလို့ သိရပါတယ်။ အကြောင်းအရင်းကတော့ ခဲယမ်းမီးကျောက်များကို ထိန်းသိမ်းရန် အစ္စရေးရဲ့ ကြိုးပမ်းမှု၊ ပိုမိုကောင်းမွန်သော နည်းဗျူဟာများ သို့မဟုတ် ပိုမိုအဆင့်မြင့်ပြီး ကြားဖြတ်ရခက်သော လက်နက်များ ဖြန့်ကျက်ခြင်းနှင့် ဆက်စပ်နိုင်ကြောင်း စာတမ်းတွင် ဖော်ပြထားပါတယ်။
အီရန်ရဲ့နျူကလီးယားအခြေခံအဆောက်အအုံများ၊ အီရန်ထိပ်တန်းတပ်မှူးများနှင့် စစ်ဘက်ဆိုင်ရာနေရာများကို ပစ်မှတ်ထားကာ အစ္စရေးက လေကြောင်းတိုက်ခိုက်မှုများ ဇွန်လ ၁၃ ရက်က စတင်ခဲ့ပြီး တီဟီရန်က လက်တုံ့ပြန်မှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ၁၂ ရက်စစ်ပွဲအတွင်း အစ္စရေး ဘက်က ၂၉ ဦး သေဆုံးပြီး ၃၂၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အစ္စရေး တာဝန်ရှိသူများက ပြောကြားခဲ့ပြီး အီရန်တွင် သေဆုံးသူ ၉၀၀ ကျော်နှင့် ဒဏ်ရာရသူ ၄,၇၀၀ ကျော်ရှိကြောင်း သိရပါတယ်။
အမေရိကန်သည် နောက်ဆုံးတွင် အီရန်နျူကလီးယားနေရာများကို ပြင်းထန်စွာ ဗုံးကြဲတိုက်ခိုက်ခြင်းဖြင့် ပဋိပက္ခတွင် ပါဝင်ခဲ့ပါတယ်။ အပစ်အခတ် ရပ်စဲရေး အပြီးတွင် နှစ်ဖက်စလုံးက အောင်ပွဲခံ ခဲ့ကြပါတယ်။
REF: RT
https://t.me/MyanmarNationalPost
No comments:
Post a Comment