ကြံခင်း၊ ဇူလိုင် ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ် လမ်းညွှန်မှုဖြင့် မြို့ရွာသာယာလှပစေရေး၊ မြို့အင်္ဂါ ရပ်နှင့်အညီသန့်ရှင်းသာယာလှပစေရေး
ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ကျောင်းအခြေပြု သန့်ရှင်းသာယာလှပစေရေး ဌာန ဆိုင်ရာများ ပူးပေါင်း၍ အခြေခံပညာမူလတန်းကျောင်း (မြို့မမြောက်)တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တပ်ရင်းတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင် များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ အမက(ရွာမမြောက်)မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ကျောင်းအတွင်း အပြင်ရှိ ပေါင်းမြက်များနှုတ်ခြင်း၊ မြက်ရိတ်စက်ဖြင့် မြက်ဖြတ်ရှင်းလင်းခြင်း၊ ခြုံနွယ်ပေါင်းပင်များအား စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
ကြသည်။ ထို့သို့ဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများတို့က လှည်လည်ကြည့်ရှုအားပေးကြကာ အမှိုက်များအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်ကား ဖြင့် သယ်ယူပြီး သတ်မှတ်နေရာများတွင် စနစ်တကျ စွန့်ပစ်ဆောင်ရွက်ခဲ့ကြသည်။
အလားတူ ဘက်ရဲမြို့နှင့် ရပ်ကွက်/ ကျေးရွာများတွင် မိမိနေအိမ်ပတ်ဝန်ကျင်များ၊ အများ ပြည်သူအသုံးပြုလျက်ရှိသော လမ်းများ၊ အခြေခံပညာကျောင်းများ၌ အုပ်ချုပ်ရေးမှူးများဦးဆောင်၍ ရပ်ကွက်နေပြည်သူများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကာ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment