နေပြည်တော်၊ ဇူလိုင် ၂၂
တပ်မတော်က ပြည်သူလူထု အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အကြမ်းဖက် ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation) ဆောင်ရွက်ကာ ပြန်လည် ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၌ နိုင်ငံတော် အစိုးရမှ တာဝန်ရှိသူများ၊ တပ်မတော်သားများ ပူးပေါင်း၍ ဒေသခံပြည်သူလူထု လုံခြုံရေးနှင့် လိုအပ်သည့်ကူညီ ထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရေး၊ အစိုးရ၏ အုပ်ချုပ်မှု ယန္တရားများဖြစ်သည့် ရုံးများပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ကလေးသူငယ်များပညာသင် ကြားနိုင်ရေးအတွက် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေး၊ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် ဆေးရုံများပြန်လည် ဖွင့်လှစ်နိုင်ရေးစသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
တပ်မတော်က နောင်ချိုမြို့အား ပြန်လည်ထိန်းချုပ်ပြီးလျှင်ပြီးချင်း နိုင်ငံတော် ဝန်ကြီးချုပ်၏ ပထမဆုံးလမ်းညွှန်မှာကြားချက်အနေဖြင့် ယနေ့ခေတ်သည် ပညာ ခေတ်ဖြစ်သည့်အတွက် အတန်းပညာတတ်မြောက်မှသာ အတတ်ပညာကို သင်ယူ တတ်မြောက်နိုင်မည် ဖြစ်သည့်အတွက် ပညာတတ်များပေါများစေရန် တစ်နှစ်နီးပါး ပြန်လည်ဖွင့်လှစ်ပြီး ပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများကိုအမြန်ဆုံး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
ထို့ကြောင့် နောင်ချိုမြို့ ၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့ ဇူလိုင် ၂၂ ရက်တွင် ကျောင်းအပ်စတင်လက်ခံခဲ့ကြပြီး ကျောင်းအပ်နှံမှု အဆင်ပြေ ချောမွေ့စေရန်အတွက် တပ်မတော်သားများ၊ ဆရာ၊ ဆရာမများ၊ ပညာရေး ဝန်ထမ်း များနှင့် ဒေသခံမိဘပြည်သူများအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရာ ယနေ့တွင် ကျောင်းသား၊ ကျောင်းသူ ၁၆၅ ဦး လာရောက် ကျောင်း အပ်နှံကြကြောင်းသိရှိရသည်။ ထိုသို့ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော် ရွှင်စွာ၊ သန့်ရှင်း သပ်ရပ်စွာနှင့် လုံခြုံစွာပညာသင်ကြားနိုင်ရေးအတွက် တပ်မတော် သားများက လိုအပ်သည့် မိုင်းရှင်းလင်းရေး၊ လုံခြုံရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးထားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် နောင်ချိုမြို့ ၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၃)အခြေခံပညာမူလတန်းကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်း (သပြေရေ)တို့၌လည်း စာသင်ကျောင်းများ ပြန်လည်ဖွင့် လှစ်နိုင်ရေးအတွက် ကျောင်းဝန်း အတွင်းအပြင် သန့်ရှင်းသာယာရေး အတွက် တပ်မတော်သားများက ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ် မြောင်းများ တူးဖော်ပေးခြင်း၊ သစ်ပင်များအား အလင်းဖွင့်ပေးခြင်းနှင့် ခြင်ဆေးဖျန်း ခြင်းများ ဆောင်ရွက်ပေးကြသည်။
ထို့ပြင် နိုင်ငံတော်ဝန်ကြီးချုပ်၏ ဒုတိယလမ်းညွှန်ချက်အနေဖြင့် အကြမ်းဖက် သောင်းကျန်းသူများ ဖျက်ဆီးခဲ့သည့် (၂၅) ခုတင်ဆံ့ နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံ အား မူလအခြေနေသို့ ပြန်လည်ရောက်ရှိအောင် အမြန်ဆုံးပြန်လည် ပြုပြင်ပြီး ကျန်းမာရေးစောင့်ရှောက်မှုများပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်ပေးရန် ဖြစ်ရာ အဆိုပါ ဆေးရုံအား ပြန်လည်ပြုပြင်နေစဉ်ကာလအတွင်း မြနန်းတော်ဝင်မင်္ဂလာခန်းမ၌ တပ်မတော်နှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ပူးပေါင်း၍ ယာယီဆေးရုံ ဖွင့်လှစ်ပြီး ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ဒေသခံတိုင်းရင်းသား ပြည်သူ ၁၈၂ ဦးတို့ကို သွေးလွန်တုပ်ကွေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများနှင့် ကာကွယ်ဆေးထိုးပေးခြင်းများ ဆောင်ရွက် ပေးကြသည်။
၎င်းအပြင် နောင်ချိုမြို့နယ် တည်ငြိမ်အေးချမ်းသာယာရေး၊ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ အေးချမ်းစွာ လူမှုစီးပွားလုပ်ကိုင် နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost






No comments:
Post a Comment