မိုင်းဆတ်၊ ဇူလိုင် ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ အဆက်မပြတ်မိုး သည်းထန်စွာရွာသွန်းမှုကြောင့် မိုင်းဆတ်မြို့ရှိ မယ်ကျန့်ချောင်းတွင် တောင်ကျရေကျဆင်းမှုကြောင့် မိုင်းဆတ် မြို့နယ်၊ မယ်ပုလုံကျေးရွာအုပ်စု၊ ပန်ဟိုင်းကျေးရွာနှင့် မယ်ကျန့်ကျေးရွာကြားရှိ တံတား ဇူလိုင် ၁၆ ရက်နံနက်ပိုင်းတွင် ပျက်ကျပြီး လမ်းကြောင်းပြတ်တောက်မှု ဖြစ်ပွားခဲ့သည်။
အဆက်မပြတ်မိုး သည်းထန်စွာရွာသွန်းမှုကြောင့် ဇူလိုင်လ ၁၆ ရက်နံနက် ၉ နာရီ ၁၅ မိနစ်အချိန်တွင် မိုင်းဆတ်မြို့ရှိ မယ်ကျန့်ချောင်းတွင် တောင်ကျရေကျဆင်းမှုကြောင့် မိုင်းဆတ်မြို့နယ်၊ မယ်ပုလုံကျေးရွာအုပ်စု၊ မယ်ကျန့်ကျေးရွာအနီး မိုင်းဆတ်-မိုင်းတွမ်း-တာချီလိတ်သွားကားလမ်းဘေး မယ်ကျန့်ချောင်းသို့ ဖြတ်သန်းတည် ဆောက်ထားသည့် ပန်ဟိုင်းကျေးရွာနှင့် မယ်ကျန့်ကျေးရွာကြားရှိ တံတားအမှတ်(၁/၉)၊ အရှည် ၁၃၀ ပေ၊ အကျယ် ၂၁ ပေ၊ သံကူကွန်ကရစ်တံတား၏ မိုင်းဆတ်ဘက်ခြမ်း တံတားချဉ်းကပ်လမ်းအား ချောင်းရေတိုက်စားမှု ဖြစ်ပွားခဲ့ရာ တံတားချဉ်းကပ်လမ်းတာဘောင် အရှည် ၁၅ ပေခန့်၊ အကျယ် ၄၀ ပေ၊ အမြင့် ၁၀ ပေခန့် ပျက်ကျပြီး လမ်းကြောင်း ပြတ်တောက်မှုဖြစ်ပွားခဲ့သည်။
အဆိုပါနေရာသို့ တပ်နယ်မှ တာဝန်ရှိသူများ၊ မိုင်းဆတ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီထွေး၊ မိုင်းဆတ်ခရိုင်လမ်း ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုင်းနိုင်နေလင်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဌေးမြင့် နှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေး၍ ချောင်းရေကြီးမှု ကျဆင်းသွားပါက လမ်းတာဘောင်ဖို့ခြင်း လုပ်ငန်း အမြန်ဆုံး ပြန်လည်ပြုပြင်ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment