တစ်ပတ်အတွင်း အာဆီယံသတင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တစ်ပတ်အတွင်း အာဆီယံသတင်း



ဇူလိုင် - ၂၆ ( စနေနေ့ ) 

(ဗီယက်နမ်ကို ဝင်တဲ့ ဝီဖာမုန်တိုင်းကြောင့် ၃ ဦးသေ ၊ သိန်းနဲ့ချီရွှေ့ပြောင်းပေးရ)

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်နေ့က အပူပိုင်းမုန်တိုင်း ဝီဖာ ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ဗီယက်နမ် အလယ်ပိုင်းပြည်နယ် ငဟီအန် တွင် ပြင်းထန်သောရေကြီးမှုဖြစ်ပေါ်ခဲ့ကာ အနည်းဆုံး သုံးဦးသေဆုံးကာ တစ်ဦးပျောက်ဆုံးနေခဲ့ပါတယ်။ 

အပူပိုင်းမုန်တိုင်း ဝီဖာ ကြောင့် ဗီယက်နမ်အလယ်ပိုင်းရှိ ကျေးရွာများတွင် ရာနှင့်ချီသော မိသားစုများကိုရွှေ့ပြောင်းပေးခဲ့ရပါတယ် လို့ အာဏာပိုင်များက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ပါတယ်။ မုန်တိုင်းမတိုက်မီ ရက်သတ္တပတ်များအတွင်း လူပေါင်း ၁၂,၅၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ တိုင်ဖွန်းမုန်တိုင်းသည် ဗီယက်နမ်မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် အိမ်ခြေ ၇၂၀ ခန့် ဖျက်စီးခဲ့ပြီး အခြား အိမ်ခြေ ၃၈၄၈ ဦး ရေနစ်မြုပ်ခဲ့ရပါတယ် ။ ငဟီအန် ဒေသ သည် အဆိုးရွားဆုံးထိခိုက်ခံစားလိုက်ရပြီး အိမ်ထောင်စု ၉,၀၀၀ ကျော်မှာ အချိန်ကြာမြင့်စွာ ဓာတ်အားပြတ်တောက်မှု ကြုံတွေ့လိုက်ရပါတယ် ။ ရေလွှမ်းမိုးခံလိုက်ရတဲ့ အကြောင်းအရင်း တစ်ခုက ဒေသတွင်း အကြီးဆုံးဖြစ်တဲ့ ဘန်ဗီ ရေအားလျှပ်စစ် စက်ရုံက ရေလှောင်ကန်မှ ရေကို အတင်းအကျပ် ထုတ်လွှတ်ခဲ့ရတာကြောင့်လို့လည်း အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့ပါတယ် ။ 

(မလေးရှားဝန်ကြီးချုပ်က အရွယ်ရောက်ပြီးသူတိုင်းကို ထောက်ပံ့ငွေပေးမယ်လို့ ဆို)

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က အရွယ်ရောက်ပြီးသူတိုင်းအတွက် ငွေသားပေးကမ်းမှုတစ်ခုနှင့် လောင်စာဆီဈေးနှုန်းများ လျှော့ချမည်ဟု ကတိပြုကြောင်း ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့ပါတယ် ။ အဆိုပါ အစီအမံအသစ်များသည် လူနေမှုစရိတ်များ မြင့်တက်လာမှုနှင့် ပတ်သက်၍ တိုးပွားလာသော မကျေနပ်ချက်များကို ဖြေရှင်းရန် ရည်ရွယ်ပါတယ် ။ ဩဂုတ်လ ၃၁ ရက်နေ့တွင်ကျရောက်တဲ့  (လွတ်လပ်ရေးနေ့) အထိမ်းအမှတ်အနေဖြင့် အသက် ၁၈ နှစ် နဲ့ အထက် မလေးရှားနိုင်ငံသားအားလုံး တဦးလျှင် RM100 ($24) ပေးချေမှုကို ရရှိ မှာဖြစ်ပါတယ် ။ အဆိုပါအကူအညီကို သြဂုတ် ၃၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ အသုံးပြုနိုင်ပြီး မလေးရှားနိုင်ငံတစ်ဝှမ်းရှိ စတိုးဆိုင်ပေါင်း ၄,၁၀၀ ကျော်တွင် မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများအတွက် သုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)