နောင်ချိုမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းစတင်တက်ရောက်ခြင်းနှင့် ယာယီဆေးရုံ၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်ချိုမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းစတင်တက်ရောက်ခြင်းနှင့် ယာယီဆေးရုံ၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်







နေပြည်တော်၊ ဇူလိုင် ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၌ အကြမ်းဖက်သောင်းကျန်းသူများ ကြောင့် တစ်နှစ်နီးပါး ပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများကို အမြန်ဆုံး ပြန် လည်ဖွင့်လှစ်ပြီး ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းအပ်လက်ခံခြင်းကို ဇူလိုင် ၂၂ ရက်မှ ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့သို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နောင်ချိုမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းစတင်ဖွင့်လှစ်နိုင်ခဲ့ရာ ကျောင်းသား/ကျောင်းသူ ၈၅၇ ဦး စတင်တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်းသိရှိရသည်။ ထိုသို့ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ၊ သန့်ရှင်းသပ်ရပ်စွာနှင့် လုံခြုံစွာ ပညာသင်ကြားနိုင်ရေးအတွက် တပ်မတော်သားများက လိုအပ်သည့် မိုင်းရှင်းလင်းရေး၊ လုံခြုံရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးထားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် တပ်မတော်မှဆရာဝန်များက ကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဝန် များ၊ ကျန်းမာရေးဝန်ထမ်းများနှင့်ပူးပေါင်း၍ ဒေသခံ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေချော မွေ့စေရေးအတွက် မြနန်းတော်ဝင်မင်္ဂလာခန်းမ၌ ယာယီဆေးရုံ ဖွင့်လှစ်ပြီး ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ဒေသခံတိုင်း ရင်းသားပြည်သူ ၁၄၅ ဦးတို့ကို ကျန်မာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်ပေးကြသည်။

၎င်းအပြင် နောင်ချိုမြို့ပေါ်ရှိ ပြည်သူ့ဆေးရုံကြီး အချိန်မီပြန်လည် ဖွင့်လှစ် နိုင်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများက ဆေးရုံပတ်ဝန်းကျင်ရှိ ချုံနွယ်ပေါင်း မြက်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော် ဆယ်တင်ပေးခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ခြင်းများ ဆောင် ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)