ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ မီဒီယာ၊ တတ်သိပညာရှင်များထိပ်သီးအစည်းအဝေးက ရှန်ဟိုင်းစိတ်ဓာတ်အရ ကူးလူးဖလှယ်မှု အဆင့်မြှင့်တင်ရေးအား တိုက်တွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ မီဒီယာ၊ တတ်သိပညာရှင်များထိပ်သီးအစည်းအဝေးက ရှန်ဟိုင်းစိတ်ဓာတ်အရ ကူးလူးဖလှယ်မှု အဆင့်မြှင့်တင်ရေးအား တိုက်တွန်း




ကျိန့်ကျိုး၊ ဇူလိုင် ၂၇ 

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့  (SCO) မီဒီယာနှင့် တတ်သိပညာရှင်များထိပ်သီးအစည်းအဝေး၏ မျက်နှာစုံညီအစည်းအဝေးကို ကျိန့်ကျိုးမြို့တွင် ဇူလိုင် ၂၅ ရက်၌ ကျင်းပခဲ့ပြီး ရှန်ဟိုင်းစိတ်ဓာတ် ထိန်းသိမ်းရေး၏ အရေးပါမှုကို အလေးထားဆွေးနွေးခဲ့ကြသလို SCO မူဘောင်အတွင်း ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်ရန် မီဒီယာနှင့် ပညာရှင်ပိုင်းအား ပေါင်းစည်းပေးလိုက်ခြင်းလည်း ဖြစ်ကြောင်း သိရသည်။ 

နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး၏ လမ်းညွှန်မှုအရ ဆင်ဟွာသတင်းဌာန၊ တရုတ်နိုင်ငံ လူမှုသိပ္ပံအကယ်ဒမီ (CASS) နှင့် ဟဲနန်ပြည်နယ်အစိုးရတို့ ပူးတွဲကြီးမှူးကာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့  (SCO) မီဒီယာနှင့် တတ်သိပညာရှင်များထိပ်သီးအစည်းအဝေးကို တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ် မြို့တော် ကျိန့်ကျိုးတွင် ဇူလိုင် ၂၃ ရက်မှ ၂၇ ရက်အထိ ကျင်းပနေခြင်းဖြစ်သည်။ 

“ရှန်ဟိုင်းစိတ်ဓာတ် မြှင့်တင်ခြင်းဖြင့် သာယာလှပသော မိသားစုဥယျာဉ် အတူတကွ တည်ဆောက်ခြင်း” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပသော အဆိုပါ ထိပ်သီးအစည်းအဝေးကို SCO အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူနိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများ၊ နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့အစည်းများ၏ မီဒီယာအဖွဲ့အစည်းများ၊ တတ်သိပညာရှင်များ၊ အစိုးရအဖွဲ့အစည်း ၂၀၀ နီးပါးမှ ကိုယ်စားလှယ် ၄၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

SCO ထျန်းကျင်းထိပ်သီးအစည်းအဝေး ကျင်းပရန် နီးကပ်လာသည်နှင့်အမျှ မီဒီယာနှင့် တတ်သိပညာရှင်အဖွဲ့ ကိုယ်စားလှယ်များ ဆုံစည်းကြခြင်းသည် ပိုမိုနီးကပ်သော SCO အေးအတူပူအမျှအသိုက်အဝန်းတစ်ရပ် တည်ဆောက်ရေးအား အထူးအလေးထားခြင်းလည်း ဖြစ်သည်။ 

ယင်းထိပ်သီးအစည်းအဝေး၏ မျက်နှာစုံညီအစည်းအဝေးကို ဇူလိုင် ၂၅ ရက်၌ ကျင်းပခဲ့ခြင်းဖြစ်ကာ အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန်အကျိုးပြုမှု၊ သာတူညီမျှရှိမှု၊ ဆွေးနွေးညှိနှိုင်းမှု၊ ယဉ်ကျေးမှုအမျိုးမျိုးကို လေးစားမှုနှင့် ဘုံဖွံ့ဖြိုးတိုးတက်ရေးကို လျှောက်လှမ်းမှု စသည်တို့အား အလေးထားဆွေးနွေးခဲ့ကြသည်။ 

ထို့ပြင် ရှန်ဟိုင်းစိတ်ဓာတ်အရ တတ်သိပညာရှင်များနှင့် မီဒီယာများအနေဖြင့် အ‌ရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်းနှင့် SCO အတွင်း ကူးလူးဖလှယ်မှုနှင့် စည်းလုံးညီညွတ်မှု မြှင့်တင်ရေး အားကောင်းခိုင်မာသောအလားအလာကို ပေးစွမ်းလျက်ရှိသည်ဟု အစည်းအဝေး တက်ရောက်လာသူများက ယုံကြည်ထားကြသည်။  


Ref - (Xinhua) 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)