ပေါင်မြို့နယ်၌တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဂုဏ်ထူးရရှိသူ (၄၂)ဦးရှိပြီး အောင်မြင်သူ (၃၉၇)ဦးရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဂုဏ်ထူးရရှိသူ (၄၂)ဦးရှိပြီး အောင်မြင်သူ (၃၉၇)ဦးရှိ





ပေါင်၊ ဇူလိုင် ၂၇

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို ယနေ့ နံနက် ၆ နာရီမှစတင်၍ မြို့နယ်ပညာ‌ရေးမှူးရုံးနှင့် စာစစ်ဌာနများ၌ ထုတ်ပြန်ထားခဲ့ရာ ပေါင်မြို့နယ်အတွင်၌ ဂုဏ်ထူးရရှိသူ(၄၂)ဦးရှိပြီး အောင်မြင်သူ (၃၉၇)ဦး  ရှိကြောင်း သိရသည်။

ပေါင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အထက‌ ပေါင်၊အထက ဇင်းကျိုက် ၊အထက မုတ္တမ စာစစ်ဌာနတို့၌ ကျင်းပခဲ့ရာ ဝင်ရောက်ဖြေဆိုသူစုစုပေါင်း ၆၄၇   ဦး ရှိပြီး  ၃၉၇  ဦး အောင်မြင်ကြောင်း၊ အောင်မြင်သူများအနက် ၄ ဘာသာဂုဏ်ထူးရှင် ၃ ဦး၊ ၃ဘာသာဂုဏ်ထူးရှင် ၅ဦး၊၂ ဘာသာ ဂုဏ်ထူးရှင် ၁၄  ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် ၂၁ဦး၊  စုစုပေါင်း ဂုဏ်ထူးရရှိသူ ၄၂ ဦးရှိပြီး မြို့နယ်၏ အောင်ချက်ရာခိုင်နှုန်းမှာ ၆၁.၃၆ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


မွန်မလေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)