ရွှေတောင် ဇူလိုင် ၂၇
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်တွင် ၂၀၂၅ခုနှစ်၊ Grade-12 တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ယနေ့ နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံးနှင့် စာစစ်ဌာန ( ၄) ခုတို့တွင် ကြော်ငြာ ပေးခဲ့သည် ။
ရွှေတောင်မြို့နယ်အတွင်း စာစစ်ဌာန ( ၄) ခုတွင် ဖြေဆိုသူစာရင်းရှိ (၆၄၆) ရှိသည့်အနက် ဖြေဆိုသူ ကျောင်းသား၊ကျောင်းသူ ( ၆၂၂) ဦးဝင်ရောက်ဖြေဆိုရာ အောင်မြင်သူ ကျောင်းသား၊ ကျောင်းသူ ( ၁၉၀) ဦး အောင်မြင်ဖြေဆိုနိုင်ပြီး အောင်ချက်ရာခိုင်နှုန်း ၃၀ ဒသမ၅၅ရှိကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုအောင်မြင်ရာတွင် ၂ဘာသာဂုဏ်ထူးရှင် (၃ ) ဦး ၊ ၁ ဘာသာဂုဏ်ထူးရှင် (၈ ) ဦး ၊ စုစုပေါင်း ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူ ( ၁၁) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost


No comments:
Post a Comment