လိင်ပြောင်းတွေကို အမျိုးသမီးအားကစားပွဲတွေ မှာ ဝင်ခွင့်မပေးဘူးလို့ အမေရိကန်ဆုံးဖြတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လိင်ပြောင်းတွေကို အမျိုးသမီးအားကစားပွဲတွေ မှာ ဝင်ခွင့်မပေးဘူးလို့ အမေရိကန်ဆုံးဖြတ်


ဇူလိုင် - ၂၄ ( ကြာသပတေးနေ့ ) 

အမေရိကန် အိုလံပစ်နှင့် မသန်စွမ်း အားကစား ကော်မတီ (USOPC) က သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အစောပိုင်းကထုတ်ပြန်ထားတဲ့  အမိန့်ကို လိုက်နာပြီး အိုလံပစ် အမျိုးသမီး အားကစား ပြိုင်ပွဲတွေမှာ လိင်ပြောင်း အမျိုးသမီးများကို ယှဉ်ပြိုင်ခွင့် မပြုနိုင်ဘူးလို့ တားမြစ်ချက်ထုတ်ပြန်လိုက်ပါတယ်။ 

လိင်ပြောင်းအမျိုးသမီးများကို အမျိုးသမီးအားကစားအဖွဲ့များထံမှ တားမြစ်ထားတဲ့ မူဝါဒချိုးဖောက်ပြီး လက်ခံတဲ့ ပညာရေးအဖွဲ့အစည်းများကို ရန်ပုံငွေထောက်ပံ့မှု ရပ်ဆိုင်းမယ်လို့လည်း ဆိုပါတယ်။ 

"USOPC က သမ္မတလုပ်ပိုင်ခွင့် အမိန့် ၁၄၂၀၁ နဲ့အညီ  အမျိုးသမီးများအား တရားမျှတပြီး ဘေးကင်းလုံခြုံသော ပြိုင်ဆိုင်မှု ပတ်ဝန်းကျင်ရှိစေ ဖို့လုပ်နေတာပါ” USOPC ဝက်ဘ်ဆိုဒ်တွင် တနင်္လာနေ့က ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒါက အားကစားသမားများ ဘေးကင်းရေးမူဝါဒအရလို့ သိရပါတယ်။ 

ထရမ့်က ဇန်နဝါရီလအတွင်း သမ္မတရာထူးပြန်လည်ရရှိချိန်မှာ ယခင်သမ္မတ ဂျိုးဘိုင်ဒန် အစိုးရ ပြဋ္ဌာန်းထားသော လိင်ပြောင်းအခွင့်အရေးကာကွယ်မှုများကို ဖျက်သိမ်းခဲ့ပြီး အသက် ၁၉ နှစ်အောက်ရှိသူများအား "ဓာတုနှင့်ခွဲစိတ်ကုသခြင်း" အတွက် ဖက်ဒရယ်ထောက်ခံမှုကို အဆုံးသတ်လိုက်ပါတယ်။ အမျိုးသားနှင့် အမျိုးသမီး လိင်အမျိုးအစားများကိုသာ အသိအမှတ်ပြုသည့်အမိန့်ကို ထုတ်ပြန်ခဲ့ပြီး လိင်ပြောင်းထားသူများကို အမျိုးသမီးစစ်သမီး စစ်မှုထမ်းခြင်းမှ တားမြစ်ခဲ့ပါတယ်။

“အားကစားနည်းအားလုံးအတွက် နိုင်ငံတော်အဆင့် အုပ်ချုပ်ရေးအဖွဲ့တွေကို သူတို့ရဲ့ မူဝါဒတွေကို လိုက်လျော ညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲဖို့ ညွှန်ကြားထားပါတယ်။ အဖွဲ့အစည်းအတော်များများကလည်း စည်းမျဉ်းအသစ်များကို စတင်အကောင်အထည်ဖော်နေပြီဖြစ်ပါတယ်။ အမျိုးသားကောလိပ်အားကစားအဖွဲ့ချုပ်က ထရမ့်ရဲ့အမိန့်ကို ပထမဆုံးလက်ခံသည့် အဖွဲ့ဖြစ်ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)