ဟင်္သာတခရိုင် မီးသတ်ဦးစီးမှူးရုံး၌ ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်များ၊ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ အသင့်စုဖွဲ့ထားရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟင်္သာတခရိုင် မီးသတ်ဦးစီးမှူးရုံး၌ ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်များ၊ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ အသင့်စုဖွဲ့ထားရှိ




ဟင်္သာတ၊ ဇူလှိုင်  ၂၄

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ ခရိုင်မီးသတ်ဦးစီးမှူးရုံး၌ ဇူလိုင် ၂၄ ရက်နေ့ နံနက်ပိုင်းက သဘာဝဘေးအန္တရာယ် ဖြစ်ပွားလာပါက အရေးပေါ် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်များနှင့် ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ အသင့်စုဖွဲ့ထားရှိမှု အခြေအနေအား ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့သို့ ကြည့်ရှုစစ်ဆေးရာတွင် ဟင်္သာတခရိုင် မီးသတ်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဟိန်းသူဟန်က ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များကို ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်နှင့် လေးမျက်နှာမြို့နယ်တို့မှ မြို့နယ်မီးသတ်ဦးစီးမှူးဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင် ၁၁၆ ဦးဖြင့် အသင့်စုဖွဲ့ထားရှိခြင်း၏ ရည်ရွယ်ချက်များ၊ ရှာဖွေ ကယ်ဆယ်ရေးသုံးပစ္စည်းများအား အသုံးပြုပုံနည်းလမ်းများ၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက တပ်ဖွဲ့ဝင်များနှင့် မိတ်ဖက်အဖွဲ့အစည်းများက အချိန်နှင့်တစ်ပြေးညီ လျှင်မြန်စွာ တုန့်ပြန် ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှိုင်ထွန်း နှင့်တာဝန်ရှိသူများက လိုအပ်သည်များဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)