ဇူလိုင် - ၂၄ ( ကြာသပတေးနေ့ )
မြောက်ကိုရီးယားမှာ မနေ့က အမြောက်ပစ်ပြိုင်ပွဲကျင်းပတာကို လာရောက်ကြည့်ရှု့တဲ့ ခေါင်းဆောင် ကင်ဂျုံအန်က ပြိုင်ပွဲဝင်တွေရဲ့ တိုက်ရည်ခိုက်ရည်နဲ့ ပတ်သက်ပြီး ကျေနပ်ကြောင်း ပြောကြားသွားပါတယ်။
"စစ်ပွဲကိုအချိန်မရွေး ရင်ဆိုင်ဖြေရှင်းပြီး တိုက်ပွဲတိုင်းတွင် ရန်သူကို လက်လွတ်မခံဘဲ ဖျက်ဆီးခြင်းအတွက် ကြိုတင်ပြင်ဆင်ရန် တိုက်ပွဲနှင့် အမြောက်လေ့ကျင့်မှုများ အရှိန်မြှင့်ရန် စစ်တပ်ကို တောင်းဆိုထားပါတယ်" လို့ ကင်ဂျုံအန်ပြောတာကို နိုင်ငံပိုင်မီဒီယာက ဒီကနေ့ ဖော်ပြခဲ့ပါတယ်။
ညဘက်ချီတက်ပွဲနဲ့ ရုတ်တရက် တိုက်ခိုက်ရေးမှု၊ တပ်ဖြန့်မှုတို့ကို ပုံဖော်ပြီးနောက် ကမ်းလွန်ပစ်မှတ်များကို အမြောက်တပ်များ ပစ်ခတ်ပြီး ပြိုင်ပွဲကိုစတင်ခဲ့ပါတယ်။ ကင်မ်က “တကယ်စစ်ပွဲတစ်ခုလို ကျင်းပခဲ့တဲ့ ပြိုင်ပွဲအတွက် ကျေနပ်အားရပါတယ်” လို့ ဆိုပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင်က အမြောက်ပစ်နည်းများနှင့် တိုက်ခိုက်ရေးနည်းလမ်းများကို ဆန်းသစ်သောနည်းလမ်းဖြင့် တီထွင်ရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပြီး နေ့စဉ်ပြောင်းလဲနေသော ခေတ်သစ်စစ်မြေပြင်၏ ကြမ်းတမ်းပြီး စူးရှသောပတ်ဝန်းကျင်ကို လိုက်လျောညီထွေဖြစ်စေရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။
မည်သည့်စစ်ပွဲနှင့် အကျပ်အတည်းကိုမဆို တက်ကြွစွာ ရင်ဆိုင်ဖြေရှင်းနိုင်သည့် ရဲစွမ်းသတ္တိ၊ စွမ်းရည်များနှင့် မိမိကိုယ်ကိုယုံကြည်မှုတို့ကို လေ့ကျင့် ဖို့လိုကြောင်းနဲ့ အသေချာဆုံးသော စစ်ပွဲအဟန့်အတားသည် ရန်သူ့အပေါ် အသေချာဆုံးသော တိုက်ခိုက်နိုင်တဲ့ ရှုထောင့်ဖြစ်ကြောင်း ပြောသွားပါတယ်။ ပြိင်ပွဲမှာ ကာကွယ်ရေးဝန်ကြီး နဲ့ အာဏာရပါတီ ဗဟိုစစ်ကော်မရှင် ဒုဥက္ကဋ္ဌ အပါအဝင် အကြီးတန်းအရာရှိများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
REF: UPI
https://t.me/MyanmarNationalPost



No comments:
Post a Comment