ဇူလိုင် - ၂၅ (သောကြာနေ့)
ရေဒါ နဲ့ ဖမ်းလို့မမိတဲ့ ဗုံးချဒရုန်း တစ်မျိုးကို အိန္ဒိယနိုင်ငံက တက္ကသိုလ် ကျောင်းသားတစ်ယောက်က တီထွင်လိုက်ပါတယ်။ အဲ့ဒိဒရုန်းက တစ်နာရီကို ကီလိုမီတာ ၃၀၀ အထိပျံသန်းနိုင်ပါတယ်။ အိန္ဒိယစစ်တပ်က ကာကွယ်ရေးကို မြှင့်တင်ဖို့အတွက် ပြည်တွင်းဖြစ် ကိုယ်ပျောက်ဒရုန်းနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှု ရှိတဲ့အတွက် တီထွင်သူ ကျောင်းသားနဲ့ လာရောက်တွေ့ဆုံက စမ်းသက်မှုတွေ လုပ်ခဲ့ပါတယ်။
စမ်းသက်စစ်ဆေးမှုတွေ အောင်မြင်ပြီးနောက်မှာတော့ စစ်တပ်က အဲ့ဒိကျောင်းသားဆီကနေ ဒီဇိုင်းတွေကို အလုံးစုံဝယ်ယူဖို့အတွက် ဈေးကမ်းလှမ်းလိုက်တာပဲ ဖြစ်ပါတယ်။
အဲ့ဒိကျောင်းသားတီထွင်လိုက်တဲ့ ဗုံးချဒရုန်းက ပစ်မှတ်ကို အတိအကျ တိုက်ခိုက်နိုင်ပြီး ရန်သူရဲ့ရေဒါကို ကောင်းစွားရှောင်ရှားနိုင်တယ်လို့ သိရပါတယ်။
REF: DDNews
https://t.me/MyanmarNationalPost


No comments:
Post a Comment