ဇူလိုင် - ၂၅ (သောကြာနေ့)
ရုရှားနိုင်ငံမှ ရေနံတင်သွင်းခြင်းနှင့် သန့်စင်ခြင်းအတွက် နယူးဒေလီအစိုးရအပေါ် ဥရောပသမဂ္ဂရဲ့ ဖိအားပေးမှု နည်းဗျူဟာကို အိန္ဒိယက ရှုတ်ချခဲ့ပြီး ၎င်းရဲ့ကိုယ်ပိုင် စွမ်းအင်လုံခြုံရေးကို ဦးစားပေးရယ်ဆိုပြီး ငြင်းပယ်ခဲ့ပါတယ်။
အိန္ဒိယ ရေနံချက်စက်ရုံကို တိုက်ရိုက်ပစ်မှတ်ထားတဲ့ မော်စကိုအစိုးရအပေါ် ကို အီးယူ ရဲ့ ၁၈ ခုမြောက် ဒဏ်ခတ်ပိတ်ဆို့မှု အစီအစဉ်နဲ့ ပတ်သက်လို့ ဗုဒ္ဓဟူးနေ့က သတင်းစာရှင်းလင်းပွဲမှာ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာန အတွင်းဝန် ဗစ်ကာရမ် မီရှရီ က အီးယူ အဖွဲ့ဟာ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အခြေအနေအပေါ် ရှင်းရှင်းလင်းလင်း သိမြင်နားလည်ဖို့ လိုအပ်တယ်လို့ ပြောသွားပါတယ်။
"ဒါဟာ အိန္ဒိယပြည်သူတွေအတွက် စွမ်းအင်လုံခြုံရေးအတွက် အိန္ဒိယအစိုးရရဲ့ အမြင့်ဆုံး ဦးစားပေးဖြစ်တယ် ဆိုတာကို ရှင်းရှင်းလင်းလင်း သိထားဖို့လိုပါတယ်။ ပြီးတော့ အဲဒါနဲ့ ပတ်သက်လို့ ကျွန်တော်တို့ လုပ်စရာရှိတာ လုပ်သွားမှာပါ" လို့ မီရှရီ ကပြောသွားပါတယ်။
“အရင်တုန်းက ပြောခဲ့သလိုပဲ စွမ်းအင်ဆိုင်ရာ ကိစ္စရပ်တွေမှာလည်း စံနှုန်းနှစ်ထပ်ရှိဖို့နဲ့ ကမ္ဘာ့စွမ်းအင် ဈေးကွက်က ကျယ်ကျယ်ပြန့်ပြန့်နဲ့ သက်ဆိုင်နေပြီး စွမ်းအင်ကုန်စည်ထောက်ပံ့သူတွေ ဘယ်ကလာမလဲ၊ ဘယ်သူတွေ ဘယ်အချိန်က စွမ်းအင်လိုအပ်နေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်ဖို့ အရေးကြီးပါတယ်" လို့လည်း ပြောပါတယ်။ ဗုဒ္ဓဟူးနေ့အစောပိုင်းတွင် ရေနံတင်သင်္ဘောနှစ်စင်းသည် လောင်စာဆီ တင်ဆောင်ခွင့်မရတာကြောင့် ပိတ်ဆို့အရေးယူမှုဒဏ်က အိန္ဒိယသန့်စင်စက်ရုံကို ထိခိုက်ခဲ့တယ်လို့ ရိုက်တာသတင်းတွင် ဖော်ပြထားပါတယ်။
“ဥရောပနဲ့ ထိပ်တိုက်ရင်ဆိုင်ရတယ်ဆိုတာက အရေးကြီးပြီး လေးနက်တဲ့ လုံခြုံရေးပြဿနာရှိတယ်ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်၊ ဒါပေမယ့် ကျန်တဲ့ကမ္ဘာ့နိုင်ငံတွေကလည်း ရှိနေပါသေးတယ်။ ဒါဟာ တခြားကမ္ဘာ့နိုင်ငံတွေရဲ့ ဖြစ်တည်မှုမှာရှိတဲ့ ပြဿနာတွေကိုလည်း ကိုင်တွယ်ဖြေရှင်းဖို့ လိုပါတယ်။ ပြဿနာတွေအကြောင်း ပြောတဲ့အခါ ဟန်ချက်ညီဖို့နဲ့ ရှုထောင့်တွေကို ထိန်းထားဖို့ အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်" လို့ မီရှရီ ကပြောသွားပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment