ပွင့်ဖြူမြို့နယ်တွင် နွေသီးနှံရာသီက စိုက်ပျိုးထားသော နှမ်း ၁၈၉၅၀ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပွင့်ဖြူမြို့နယ်တွင် နွေသီးနှံရာသီက စိုက်ပျိုးထားသော နှမ်း ၁၈၉၅၀ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်

 



ပွင့်ဖြူ  ၊ ဇူလိုင် ၁၀


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် နွေသီးနှံရာသီက စိုက်ပျိုးထားသော နှမ်း ၁၈၉၅၀ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


ပွင့်ဖြူမြို့နယ်တွင် နွေသီးနှံစိုက်ပျိုးရာသီက နှမ်း ၅၇၆၁၆ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး အဆိုပါနှမ်းစိုက်ခင်းများကို ယခုနှစ် ဇွန်လတတိယပတ်မှ စတင်ရိတ်သိမ်းခဲ့ရာ ယနေ့တွင် ၁၈၉၅၀ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကာ တစ်ဧကလျှင် နှမ်း ၇ ဒသမ ၁၂ တင်းထွက်ရရှိကြောင်း သိရသည်။


“ပွင့်ဖြူမြို့နယ်မှာ နွေသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားတဲ့ နှမ်းစိုက်ခင်းတွေကို ဇွန်လ တတိယပတ်ကစပြီး ရိတ်သိမ်းခြွေလှေ့ခဲ့ရာ ဒီနေ့မှာ ၁၈၉၅၀ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ပါတယ်။ နွေနှမ်းရိတ်သိမ်းတာနဲ့ပတ်သက်ပြီး အချိန်မီရိတ်သိမ်းကြဖို့၊ ရိတ်သိမ်းပြီးတဲ့ နှမ်းတွေကိုလဲ အရည်အသွေးကောင်းမွန်စေရန် အမိုးအကာအောက်သို့ စနစ်တကျထားသိုထိန်းသိမ်းကြဖို့ နည်းပညာပေးတာတွေ ကြီးကြပ်ဆောင်ရွက်ပေးနေပါတယ်”ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။


GAP နည်းစနစ်ဖြင့် စိုက်ပျိုးသောနှမ်းများသည် အရည်အသွေးကောင်းမွန်ကာ အခြားစိုက်နည်းစနစ်များဖြင့် စိုက်ပျိုးထွက်ရှိသော နှမ်းများထက် ဈေးကောင်းရရှိခြင်း၊ ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်သို့ပါ တင်ပို့ရောင်းချနိုင်၍ ဝင်ငွေတိုးပွားပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ကြောင်း သိရသည်။


နှမ်းကို အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်းဆီစားသုံးမှုကို ဖူလုံစေရုံမျှမက ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် နှမ်းကို ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေကပြောပြ၍ သိရသည်။


လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)