အစိုးရစက်မှုလက်မှုသိပ္ပံ(ခန္တီး)ကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အစိုးရစက်မှုလက်မှုသိပ္ပံ(ခန္တီး)ကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ



ခန္တီး၊ ဇူလိုင် ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယနေ့နံနက်(၁၀)နာရီအချိန်က ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူငယ်များအတွေးအခေါ်မြင့်မားလာစေရန်၊ စကားပြောစွမ်းရည်ကြွယ်ဝလာစေရန်၊ အသိပညာဗဟုသုတများတိုးပွားလာစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးသည့် လူငယ်များဖြစ်လာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို အစိုးရစက်မှုလက်မှုသိပ္ပံ(ခန္တီး)ကျောင်း၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အစိုးရစက်မှုလက်မှုသိပ္ပံ(ခန္တီး)၊ ကျောင်းအုပ်ဆရာကြီး ဒေါက်တာမန်လုံးက အဖွင့်အမှာစကားပြောကြားပြီး ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းအေးခိုင်က လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းထိုက်အောင်က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ကာ Civil First year မှ မောင်တေဇက “လူငယ်နှင့် Social Media” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ EP First year မှမောင်အောင်မြင့်မြတ်က “လူငယ်နှင့်နည်းပညာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Civil First year မှ မဇင်ထက်ထက်ဇော်က “လူငယ်နှင့်ရည်မှန်းချက်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ EP First year မှ မနန်းခင်ဌေးကြူက “လူငယ်နှင့်ပညာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း အကျယ်တဝင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား/သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြသည်။

အဆိုပါလူငယ်စကားဝိုင်းသို့ အစိုးရစက်မှုလက်မှုသိပ္ပံ(ခန္တီး)၊ ကျောင်းမှ ဆရာ/မများ၊ ကျောင်းသား/သူများ စုစုပေါင်း(၁၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


ကမ်းကီး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)