ဇူလိုင် - ၃ ( ကြာသပတေးနေ့ )
တောင်ကိုရီးယူနိုင်ငံက think tank အဖွဲ့ရဲ့ သုတေသန စစ်တမ်း တစ်ခုအရ တောင်ကိုရီးယားနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူဦးရေကျဆင်းမှုက ဒီအတိုင်း ဆက်သွားနေရင် ဒီရာစုနှစ်အကုန်မှာ တောင်ကိုရီးယားသားတွေက တိုင်းပြည်မှာ ၁၅ % လောက်ပဲကျန်တော့မယ်လို့ သိရပါတယ်။
တောင်ကိုရီးယားနိုင်ငံ၏ လူဦးရေ ၅၁ ဒသမ ၆၈ သန်းသည် ၂၁၂၅ ခုနှစ်တွင် ၇ ဒသမ ၅၃ သန်းအထိ ကျဆင်းသွားနိုင်ကြောင်း ကိုရီးယားကျွန်းဆွယ် လူဦးရေဆိုင်ရာ အနာဂတ်သိပ္ပံက မနေ့က ထုတ်ပြန်ကြေညာ ခဲ့ကြောင်း The Korea Herald သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အဲ့ဒိပမာဏက ကိုရီးယားနိုင်ငံမှာ ကိုရီးယားသားတွေက လူနည်းစု ဖြစ်သွားနိုင်ပါတယ်။
KPPIF မှ တာဝန်ရှိသူများက လာမည့်နှစ်ပေါင်း၁၀၀ အတွင်း နိုင်ငံ၏ လူဦးရေပြောင်းလဲမှုကို ခန့်မှန်းရန်အတွက် လူဝင်မှုကြီးကြပ်ရေး လမ်းကြောင်းများ၊ မွေးဖွားမှုနှင့် သေဆုံးမှုနှုန်းများကို အကဲဖြတ်ခဲ့ပါတယ်။ လေ့လာမှုအရ ၂၁၂၅ ခုနှစ်တွင် တောင်ကိုရီးယားသား ပျမ်းမျှအားဖြင့် ၁၁ ဒသမ ၁၅ သန်း မှ ၇.၅၃ သန်း အတွင်းသာ ကျန်တော့မယ် လို့ ခန့်မှန်းထားပါတယ်။ အများဆုံး ၁၅ သန်းလောက်ပဲ ကျန်မယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယားအမျိုးသမီး ၄ ယောက်မှာ ၃ ယောက်က ကလေးမယူတဲ့အတွက်ကြောင့် အဲ့ဒိလို မွေးဖွားနှုန်း ကျဆင်းရတာပဲ ဖြစ်ပါတယ်။ တောင်ကိုရီးယား၏ လူဦးရေကျဆင်းမှု၏ နောက်ထပ်လက္ခဏာတစ်ခုမှာ အသက် ၆၅ နှစ်နဲ့အထက် သက်ကြီးရွယ်အိုများ၏ အချိုးအစားက အသက်၁၅ နှစ်မှ ၆၄ နှစ်ကြားရှိသူများထက် ပိုများနေတာပဲ ဖြစ်ပါတယ်။
REF: UPI
https://t.me/MyanmarNationalPost
No comments:
Post a Comment