လဲချားမြို့နယ်တွင် အရန်သားဖွား (အခြေခံ)သင်တန်းဆင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လဲချားမြို့နယ်တွင် အရန်သားဖွား (အခြေခံ)သင်တန်းဆင်းပွဲ ကျင်းပ




လဲချား  ၊ ဇူလိုင် ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က အရန်သားဖွား(အခြေခံ) သင်တန်းဆင်းပွဲကို ပြည်သူ့ဆေးရုံရှိ သင်တန်းခန်းမတွင် ကျင်းပခဲ့ပါသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်က အမှာစကား​ပြောကြားပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇင်မောင်နွယ်က ကျေးဇူးတင်စကားပြောကြားကာ ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း၊ kit ပုံစံများပေးအပ်ခြင်းနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခြင်းကို တာဝန်ရှိသူများမှ အသီးသီးပေးအပ်ခဲ့ကြသည်။ အဆိုပါသင်တန်းအား သင်တန်းသူ(၁၈)ဦးဖြင့် တစ်နှစ်တာကကာလ စာတွေ့လက်တွေ့ဖြင့် သင်ကြားပို့ချခဲ့ကြောင်း မြို့နယ်ဆရာဝန်ကြီးထံမှ သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)