ဗဟန်းလူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗဟန်းလူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများ ကျင်းပ




ရန်ကုန်  ၊ ဇူလိုင် ၂၆


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ အနာဂတ်မျိုးဆက်သစ်လူငယ်များ၊ ဘက်စုံထူးချွန်ထက်မြက်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်၊ စာရေးဆရာမများ၊ အ.မ.က(၁၂)ဗဟန်းမှ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စာရေးဆရာမတင့်တယ်ခင်က “လူငယ်နှင့် ယဥ်ကျေးမှု”အကြောင်း ဟောပြောခဲ့သည်။

ဆက်လက်၍ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများကို ကျင်းပရာ အ.မ.က(၁၂)ဗဟန်းမှ ကျောင်းသား၊ ကျောင်းသူများက ပါဝင်ယှဥ်ပြိုင်ကြပြီး ပြိုင်ပွဲတွင် ထူးချွန်ကျောင်းသား၊ ကျောင်သူများကို ရန်ကုန်အနောက်ပိုင်းခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်နှင့် စာရေးဆရာမတင့်တယ်ခင်တို့က ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။

ထိုနောက် အခမ်းအနားတက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ခန်းမအတွင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးမှတ်တမ်းဓာတ်ပုံ၊ ပိုစတာများနှင် သုတ၊ ရသစာအုပ်၊ စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။


အောင်မြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)