ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးမျိုးအောင် ကျောင်းပြင်ပမူလတန်းပညာရေးသင်ကြားနေမှုအား ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးမျိုးအောင် ကျောင်းပြင်ပမူလတန်းပညာရေးသင်ကြားနေမှုအား ကြည့်ရှုအားပေး



ဇီးကုန်း  ၊ ဇူလိုင် ၂၆


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးမျိုးအောင်သည် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ဇောတိကာရုံစာသင်တိုက်၌ ကျောင်းပြင်ပမူလတန်းပညာရေးသင်ယူနေမှုအား ယမန်နေ့ မွန်းလွဲပိုင်းက ကြည့်ရှုအားပေးခဲ့သည်။


ဦးစွာ လူမှုရေးဝန်ကြီးမှ ဇောတိကာရုံစာသင်တိုက်၌ ကျောင်းပြင်ပမူလတန်းပညာရေးသင်ယူနေမှုကို ကြည့်ရှုအားပေးခဲ့ပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကာ တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။


ထို့နောက် ကျောင်းပြင်ပမူလတန်းပညာရေး ဆရာ၊ ဆရာမများနှင့်​တွေ့ဆုံ၍ ကျောင်းပြင်ပရောက်နေသော ကလေးများ ပညာရေးစဥ်ဆက်မပြတ်သင်ယူနိုင်ရေးအတွက် ပညာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး စာရေးကိရိယာနှင့် စာအုပ်များကို ပေးအပ်ခဲ့သည်။


ဇီးကုန်းမြို့နယ်၌ ကျောင်းပြင်ပမူလတန်းပညာရေးသင်ကြားမှုကို ဇောတိကာရုံစာသင်တိုက်နှင့် မြို့ဦးစာသင်တိုက်တို့တွင် သင်ကြားပေးလျက်ရှိရာ တက်ရောက်သင်ယူနေသူ (၂၄)ဦးရှိပြီး အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားခွင့်မရခဲ့သည့် ကလေးငယ်များ တစ်နေ့လျှင် (၂) နာရီခွဲဖြင့် အချိန်ပိုင်းပညာသင်ကြားနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။


တင့်ဆွေ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)