ပုဇွန်တောင်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အ​ခြေခံအေရိုးဗစ်သင်တန်းဆင်းပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုဇွန်တောင်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အ​ခြေခံအေရိုးဗစ်သင်တန်းဆင်းပွဲ ကျင်းပ




ပုဇွန်တောင် ၊  ဇူလိုင် ၂၆


ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ ဗိုလ် တထောင်ဘုရားလမ်းရှိ မြို့နယ်ပညာရေးမှူးရုံး တေဇခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ် သည့် အခြေခံအေရိုးဗစ်သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်က သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းသူများက အေရိုးဗစ်အားကစားနည်းဖြင့် သရုပ်ပြသဖျော်ဖြေခဲ့ရာ အခမ်းအနားတက်ရောက်လာသူများမှ သင်တန်းသူများကို ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည်။ ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းအေးနှင့် တာဝန်ရှိသူများမှ သင်တန်းနည်းပြနှင့်သင်တန်းအတွက် ထောက်ပံ့ပေးသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်း များပေးအပ်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

အဆိုပါသင်တန်းကို လူငယ်လူရွယ်များအနေဖြင့် အချိန်ကိုတန်ဖိုးထားတတ်၍ အကျိုးရှိစွာ အသုံးချတတ်ပြီး အားကစားစိတ်ဓာတ်ရရှိလာစေရန်၊ အေရိုးဗစ်အားကစားနည်းသည် သွေးထဲသို့ အောက်ဆီဂျင် ပိုမိုရောက်ရှိစေသည့် ကိုယ်ကာယလှုပ်ရှားအားကစားနည်းဖြစ်သည့်အတွက် ကျန်းမာကြံခိုင်မှု အထောက်အကူဖြစ်စေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသူ(၂၂)ဦးဖြင့် ဇွန်လ ၁၆ ရက်နေ့မှ ဇူလိုင်လ ၂၂ ရက်နေ့ထိ သင်တန်းနည်းပြအဖြစ် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးကောင်းစည်သူမှ သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ဟန်စုယဉ်

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)