မိုင်းခတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းခတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ




မိုင်းခတ် ၊  ဇူလိုင် ၁၄


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မိုင်းခတ်မြို့နယ်၊ မြို့မအားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။


အဆိုပါ ဗိုလ်လုပွဲတွင် ကိုမင်းအောင်အသင်းနှင့် Best Friend အသင်းတို့မှ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ကိုမင်းအောင်အသင်းမှ Best Friend အသင်းအား ၃ ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ရာ ပထမဆုရရှိသော ကိုမင်းအောင်အသင်းအား တံခွန်စိုက်ဆုဖလား၊ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ၊ ဒုတိယဆုရရှိ‌သော Best Friend အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်‌ ငွေသားဆုများ၊ ဂိုးသွင်းအများဆုံးဆု၊ Men of The Match (ပွဲစဉ်အလိုက်အကောင်းဆုံးဆု)၊ ဒိုင်အဖွဲ့များနှင့် အ.ထ.က‌ကျောင်းမှ သရုပ်ပြအကအဖွဲ့အား ဂုဏ်ပြုလက်ဆောင်များကို တာဝန်ရှိသူများမှ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။


ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ စစ်ဗျူဟာအဖွဲ့(အခြေချ) (မိုင်းခတ်)စစ်ဗျူဟာမှူးဗိုလ်မှူးကြီး ဇော်အေးထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းလတ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အေးထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တက်ရောက်အားပေးခဲ့‌ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)