မိုးနဲမြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးနဲမြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

 



မိုးနဲ  ၊ ဇူလိုင် ၁၄


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဆိုင်းဖယ်အခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာမကြီး၏ကြီးကြပ်မှုဖြင့် ကျောင်းသားလူငယ်များ အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို မှတ်သားသိရှိနိုင်စေရန်အတွက် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲကို အဆိုပါကျောင်းကျောင်းခန်းမ၌ ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့‌ကြောင်းသိရသည်။


ဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းကြိမ်ခမ်းက ဟောပြောပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊  ဆရာ၊ဆရာမများက အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မျိုးချစ်စိတ်နှင့် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းအကျဉ်းချုပ်အား ဟောပြောခဲ့‌ကြသည်။


ထို့နောက် ကျောင်းသား၊ကျောင်းသူလေးများက သိရှိလိုသည့်အချက်များကိုမေးမြန်းကြရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများကပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


မျိုးညွန့်ရွှေ(မိုးနဲ)


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)