မြောက်ဥက္ကလာပမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်လှစ်








ရန်ကုန်၊ ဇူလိုင် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်ခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)ကိုင်တွယ် အသုံးပြုနည်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ဆုတောင်းပြည့် မယ်လမုစေတီ သာသနာ့ဗိမာန် သုံးထပ်ဆောင်၌ ဖွင့်လှစ်ဆောင်ရွက်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာများနှင့် သင်တန်းသားများ တက်ရောက်ကြကြောင်း သိရသည်။ 

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာ က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် ရွေးကောက်ပွဲအရာရှိ  ဒေါ်ဝေမာခင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ Power Point  ဖြင့် အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ မြန်မာအီလက်ထရောနစ် မဲပေးစက်  (MEVM)  ကိုင်တွယ်အသုံးပြုနည်းသင်တန်းကို သင်တန်းနည်းပြဆရာများမှ အီလက်ထရောနစ်မဲပေးစက် ဖွဲ့စည်းတည်ဆောက်ပုံ၊ အီလက်ထရောနစ် မဲပေးစက်များ စစ်ဆေးခြင်း၊ ရွေးကောက်ပွဲနေ့မတိုင်မီ မဲရုံတွင် မဲပေးစက်များ ကြိုတင်ပြင်ဆင်ခြင်းနှင့် စမ်းသပ်ခြင်း၊ ရွေးကောက်ပွဲ ကျင်းပ မည့်နေ့တွင် စမ်းသပ်မဲပေးခြင်း၊ မဲပေးချိန်တွင် မဲပေးစက်များ ကိုင်တွယ်ခြင်း၊ အရန်စက်လဲလှယ်ရန် အခြေအနေ၊ မဲရေတွက်ခြင်း၊ မဲပေးနေစဉ်အတွင်း  အရေးပေါ်ကိစ္စရပ်များ ဖြစ်ပေါ်လာပါက  ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ဆန္ဒမဲဖြတ်ပိုင်းများ ရေတွက်ရမည့်အခြေအနေ စသည့်အကြောင်းအရာများကို  စာတွေ့လက်တွေ့ စနစ်တကျ သင်ကြား ပို့ချမည် ဖြစ်ကြောင်းသိရသည်။ 

အဆိုပါ သင်တန်းများကို  (၁၄- ၇-၂၀၂၅) ရက်နေ့မှ ( ၆-၈-၂၀၂၅)  ရက်နေ့အထိ  သင်တန်း အပတ်စဉ် (၁) ကြိမ်လျှင် သင်တန်းသား (၁၁၂) ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်းကို အပတ်စဉ် အလိုက် နှစ်ရက်သင် တန်းပို့ချပေးမည် ဖြစ်ကြောင်း နှင့် စုစုပေါင်း သင်တန်း အပတ်စဉ် (၇) ကြိမ်၊ စုစုပေါင်းသင်တန်းသား (၇၈၆)ဦး တက်ရောက် သင်ယူမည် ဖြစ်ရာ သင်တန်းချိန်မှာ နံနက် (၀၉:၀၀) နာရီမှ   ညနေ  (၁၆:၀၀) နာရီ အထိ သင်ကြားပို့ချပေးမည်ဖြစ်‌ကြောင်း သိရသည်။


သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)