နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ကော်မတီဝင်သစ်ဖွဲ့စည်းခြင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ကော်မတီဝင်သစ်ဖွဲ့စည်းခြင်း ဆောင်ရွက်




နတ်မောက်  ၊ ဇူလိုင် ၁၄


မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် အင်းကုန်းကျေးရွာတွင် စီမံကိန်းကော်မတီဝင်သစ်ဖွဲ့စည်းခြင်းကို ယမန်နေ့က ရွာဦးဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာပြီး ဆင်းရဲမှုလျော့ကျစေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေဖြင့် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကော်မတီဝင်သစ်ဖွဲ့စည်းရာတွင် ကျေးရွာမှ အများသဘောတူရွေးချယ်မည့် ကော်မတီဝင်များအနေဖြင့် ကိုယ်ကျိုးအတွက်မကြည့်ဘဲ ပရဟိတစိတ်ဖြင့် ရပ်ရွာအကျိုးဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ စာရင်းဇယားများအား စနစ်တကျဖြည့်သွင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။


ထို့နောက် ကျေးရွာသူကျေးရွာသားများ၏ အများသဘောဆန္ဒနှင့်အညီ မြစိမ်းရောင်ကျေးရွာလုပ်ငန်းအဖွဲ့(၇)ဦးဖြင့် ကော်မတီသစ်ဖွဲ့စည်းခဲ့သည်။ အဆိုပါကော်မတီသစ်ဖွဲ့စည်းရာသို့ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာနေပြည်သူများ(၁၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။


မူမူစန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)