နေပြည်တော်၊ ဇူလိုင် ၁၄
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ဇူလိုင်လ ၁၂ ရက်နေ့ ၁၀၃၀ အချိန် မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ကျော်မင်းထက် မောင်းနှင်ပြီး မလှဦး လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားတွင် သယ်ဆောင်လာသော လက်ဆွဲအိတ်အတွင်းမှ ဘိန်းစိမ်း အလေးချိန် ၃၀ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၃၆၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။
အလားတူ ယင်းနေ့ ၁၂ ၃၀ အချိန် ပူးပေါင်းအဖွဲ့သည် အဆိုပါနေရာ၌ မန္တလေးမြို့ဘက်မှ မြစ်ကြီးနားမြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည် မမြင့်မြင့်ခိုင်၊ မရွယ်၊ မသီတာကျော်၊ မခင်နွဲ့ဦး နှင့် မနေခြည်ဦး တို့ထံမှ ဘိန်းဆီခဲ အလေးချိန် ၁၅ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၄ သိန်း)၊ ဘိန်းစိမ်း အလေးချိန် ၂၂.၅ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၇၀)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား လည်းကောင်း တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ကျော်မင်းထက်(၂၁)နှစ်၊ မလှဦး(၆၁)နှစ်၊ မမြင့်မြင့်ခိုင် (၄၇)နှစ်၊ မရွယ်(၆၁)နှစ်၊ မသီတာကျော်(၄၈)နှစ်၊ မခင်နွဲ့ဦး(၆၃)နှစ် နှင့် မနေခြည်ဦး(၄၀)နှစ်တို့အား မိုးညှင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment