ဇူလိုင် - ၁၄ ( တနင်္လာနေ့ )
တရုတ်နိုင်ငံရဲ့ အကြီးဆုံး သဘာဝ ယူရေနီယံ ပရောဂျက်က ၎င်းရဲ့ပထမဆုံး ယူရေနီယံ စည်ကို ထုတ်လုပ်ခဲ့ပြီး တရုတ်နိုင်ငံတွင် ရေရှည်တည်တံ့ပြီး စမတ်ကျသော ယူရေနီယံ တူးဖော်မှု အဆင့်အသစ်တစ်ခုကို အမှတ်အသား ပြုလုပ်နိုင်ပြီ လို့ တရုတ် အမျိုးသား နျူကလီးယား ကော်ပိုရေးရှင်း (CNNC) က ကြေညာခဲ့ပါတယ်။
တရုတ်နိုင်ငံ မြောက်ဘက် မွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အော်ဒို့စ် တွင် တည်ရှိပြီး နိုင်ငံ၏ အကြီးဆုံး သဘာဝ ယူရေနီယံ ထုတ်လုပ်မှု အခြေစိုက် စခန်းဖြစ်သော "National No.1 Uranium" သရုပ်ပြ ပရောဂျက်က အရှိန်အဟုန်ဖြင့် တည်ဆောက်ခဲ့ပြီးနောက် တစ်နှစ်အတွင်း စံချိန်သစ်ကို တင်နိုင်ခဲ့ပါတယ်။
"ဒီသရုပ်ပြပရောဂျက်ဟာ တရုတ်နိုင်ငံရဲ့ တတိယမျိုးဆက် ယူရေနီယံ သတ္တုတူးဖော်ရေးနဲ့ ပြုပြင်ခြင်း နည်းပညာမှာ အဓိက အောင်မြင်မှုတစ်ခုပါ" လို့ CNNC ရဲ့ လုပ်ငန်းခွဲ တရုတ် အမျိုးသား ယူရေနီယံ ကုမ္ပဏီ က ပြောပါတယ်။
စီမံကိန်းတွင် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး၊ အဝေးထိန်းစနစ်၊ အေအိုင် ခွဲခြမ်းစိပ်ဖြာမှုနှင့်အရည်အသွေးနဲ့ စွမ်းဆောင်ရည်မြှင့်တင်မှုတို့ အပါအဝင် ခေတ်မီယူရေနီယံ တူးဖော်မှု၏ အဓိကကျသော အစိတ်အပိုင်းများ ပါဝင်ကြောင်း၊ လုပ်ငန်းစဉ်တစ်ခုလုံး ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုနှင့် အေအိုင် ခွဲခြမ်းစိတ်ဖြာမှုမှတစ်ဆင့် အဆိုပါပရောဂျက်သည် ယူရေနီယံတူးဖော်မှုကို ပိုမိုခန့်မှန်းနိုင်ကာ ထိန်းချုပ်နိုင်စေခဲ့ကြောင်း ဆိုသွားပါတယ်။
တည်ဆောက်ဆဲ၊ သို့မဟုတ် တရားဝင်ခွင့်ပြုထားသော ယူနစ်များအပါအဝင် တရုတ်နိုင်ငံရဲ့ စုစုပေါင်း နျူကလီးယားဓာတ်အားထုတ်လုပ်နိုင်မှု စွမ်းရည်သည် ကမ္ဘာပေါ်တွင် ပထမအဆင့်ရှိကြောင်း တရုတ်စွမ်းအင် သုတေသန အဖွဲ့အစည်း အဆိုအရ သိရပါတယ်။ သရုပ်ပြပရောဂျက်တွင် အသုံးပြုသည့် နည်းပညာများကို အပြည့်အဝအသုံးချကာ အကြီးစားယူရေနီယံသတ္တုတူးဖော်ရေးစခန်းများ ထပ်မံဖန်တီးရန်အတွက် တရုတ်နိုင်ငံ မြောက်ပိုင်းမြစ်ဝှမ်းဒေသရှိ ယူရေနီယံဖွံ့ဖြိုးတိုးတက်ရေးတွင် အတိုင်းအတာတစ်ခုအထိ လျင်မြန်စွာ အသုံးချနိုင်မယ်လို့ မျှော်လင့်ထားကြောင်း CNNC က ဆိုပါတယ်။
REF: CGTN
https://t.me/MyanmarNationalPost

No comments:
Post a Comment