ဇူလိုင် - ၂ ( ဗုဒ္ဓဟူးနေ့ )
မြောက်ကိုရီးယားသည် ၎င်း၏အရှေ့ဘက်ကမ်းရိုးတန်းရှိ ဧရာမကမ်းခြေအပန်းဖြေစခန်းကို အများပြည်သူ လည်ပတ်အနားယူနိုင်ဖို့အတွက် ဖွင့်လှစ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဒီကနေ့ ကြေညာသွားပါတယ်။
ဝန်ဆန်ကယ်မာ ကမ်းရိုးတန်းခရီးသွားဒေသကို အင်္ဂါနေ့တွင် တရားဝင်ဖွင့်လှစ်လိုက်ကြောင်း ကိုရီးယား ဗဟိုသတင်းအေဂျင်စီက ဖော်ပြခဲ့ပြီး နိုင်ငံတစ်ဝှမ်းမှ ပထမဆုံး ပြည်တွင်းဧည့်သည်များကို ကြိုဆိုခဲ့ပါတယ်။
အရှည် ၂.၅ မိုင်ရှည်လျားတဲ့ အပန်းဖြေစခန်းရဲ့ ကမ်းခြေက "သန့်ရှင်းပြီး အပြာရောင်အရှေ့ပင်လယ်တွင် ရေချိုးခြင်း၊ အရှိန်မြင့်လှေများစီးခြင်း၊ ငွေရောင်သဲသောင်ပြင်ပေါ်တွင် ဆိုင်ကယ်မောင်းနှင်ခြင်းနဲ့ အခြားသူများထက် သာလွန်ကောင်းမွန်သော ကမ်းရိုးတန်းခရီးသွားယဉ်ကျေးမှုကို ခံစားခြင်းအပြင် ဓာတ်ပုံများရိုက်ယူတဲ့ ခရီးသွားတွေနဲ့ ပြည့်နှက်နေပါတယ်" လို့ KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
"ကမ္ဘာ့အဆင့်မီ" ခရီးသွားလုပ်ငန်းအဖြစ်နဲ့ ဧည့်သည်များအတွက် ဆလိုက်များနှင့် အခြားရေပန်းဥယျာဉ် အပန်းဖြေမှုများကို စီစဉ်ပေးထားတဲ့ အတွက်ကြောင့် လာရောက်လည်ပတ်သူတွေ နှစ်သက်ခဲ့ကြောင်း သတင်းဌာနက ဆိုပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ဖဲကြိုးဖြတ်ခြင်း အခမ်းအနားတွင် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းက အပန်းဖြေစခန်း ပြီးစီးမှုသည် ယခုနှစ်တွင် နိုင်ငံ၏ အကြီးကျယ်ဆုံး အောင်မြင်မှုများထဲမှ တစ်ခုလို့ ပြောကြားခဲ့ပါတယ်။ "ဝန်ဆန် ကယ်မာ ကမ်းရိုးတန်း ခရီးသွားဒေသသည် မြောက်ကိုရီးယား၏ ခရီးသွားယဉ်ကျေးမှုကို ထူထောင်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်သင့်တယ်” လို့လည်း ဆိုပါတယ်။
အဲ့ဒိ ကမ်းခြေအပန်းဖြေစခန်းကို ၂၀၁၄ ခုနှစ်က တည်ဆောက်ခဲ့ပြီး ၂၀၁၉ မှာ ဖွင့်လှစ်ဖို့ စီစဉ်ထားခဲ့ပေမဲ့ နိုင်ငံတကာမှ ပိတ်ဆို့အရေးယူမှုများနှင့် COVID-19 ကူးစက်ရောဂါဆိုင်ရာ ပိတ်သိမ်းမှုများကြောင့် အဆင်မပြေမှုများနှင့် ရင်ဆိုင်ခဲ့ရပါတယ်။ အဲ့ဒိစခန်းမှာ လူပေါင်း ၂သောင်း နီးပါးတစ်ပြိုင်နက် တည်းခိုနိုင်ရန် အတွက် အိမ်များ၊ ဟိုတယ်များနှင့် တည်းခိုခန်းများ စီစဉ်ထားပါတယ်။
လာမယ့် ဇူလိုင် ၇ ရက်နေ့ ကနေ စပြီး ရုရှား ဧည့်သည်တွေ စပြီးလာရောက်မယ်လို့လည်း သိရပါတယ်။ အများစုက ရထားနဲ့ လာမှာဖြစ်ပြီး လေကြောင်းလိုင်းကနေ တစ်ရက် ၁၇၀ လောက် ရောက်မယ်လို့လည်း သိရပါတယ်။
REF: UPI
https://t.me/MyanmarNationalPost
No comments:
Post a Comment