ဇူလိုင် - ၂ ( ဗုဒ္ဓဟူးနေ့ )
Politico နဲ့ NBC သတင်းဌာနတွေရဲ့ အဆိုအရ ယူကရိန်းသို့ အမေရိကန်လုပ် လက်နက်အမျိုးအစားများစွာ တင်ပို့မှုကို ပင်တဂွန်က ရပ်ဆိုင်းလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒိ ဆုံးဖြတ်ချက်ကို အမေရိကန် ကာကွယ်ရေးဝန်ကြီး ပီတီ ဟဂ်ဆက်သ် က အမိန့်ထုတ်ပြန်လိုက်တာဖြစ်ပြီး အမေရိကန်မှာ အရန်ထားရှိတဲ့ လက်နက်များကို အတွင်းပိုင်းပြန်လည်သုံးသပ်မှု လုပ်ဖို့ပဲ ဖြစ်ပါတယ်။
အဲ့ဒိစစ်ဆေးမှုမှာ ပီထရော့ ဒုံးခွင်းဒုံး ဒါဇင်ပေါင်းများစွာ၊ စတင်ဂါ နဲ့ အေအိုင်အမ် ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်များ၊ ဟဲဖိုင်းယား နဲ့ GMLRS စနစ် ရာပေါင်းများစွာအပြင် ကိယက်ဗ်ကို ယခင်က ဝါရှင်တန်က ကတိပြုထားသည့် ၁၅၅ မမ အမြောက်ကျည်ထောင်ပေါင်းများစွာပါဝင်ကြောင်း သိရပါတယ်။ ဥရောပတွင် နေရာချထားပြီးသား လက်နက်အချို့ကို ပြန်သိမ်းဆည်းပြီးမှ ယူကရိန်းတပ်ဖွဲ့များထံ ပေးအပ်သွားမှာလို့ NBC က ဖော်ပြခဲ့ပါတယ်။
လက်ရှိ အမေရိကန် စစ်ဘက်ဆိုင်ရာ သိုလှောင်ရုံများမှ တိုက်ရိုက်ထုတ်ယူခြင်းနှင့် ကာကွယ်ရေး ကန်ထရိုက်တာ များထံမှ ထုတ်လုပ်မှုအသစ်များကို စာချုပ်ချုပ်ဆိုထားတဲ့ ယူကရိန်းလုံခြုံရေး အထောက်အကူပြုမှု (USAI)၊ ယန္တရားနှစ်ခုဖြင့် ဘိုင်ဒန်အစိုးရက လက်နက်များနဲ့ ငွေကြေးများကို ထောက်ပံ့ခဲ့တာပဲ ဖြစ်ပါတယ်။ ထရမ့်အစိုးရက ကွန်ဂရက်မှာ ကိယက်ဗ်အတွက် နောက်ထပ်အကူအညီများကို မတောင်းဆိုခဲ့ဘဲ လက်ရှိအရင်းအမြစ်များ နဲ့ “လပေါင်းများစွာ” ကြာအောင်ထားမယ် လို့ Politico ၏အဆိုအရ သိရပါတယ်။
အိမ်ဖြူတော် လက်ထောက်ပြန်ကြားရေးဝန်ကြီး အန်နာကယ်လီ က အဆိုပါ လုပ်ရပ်သည် အမေရိကန် ကာကွယ်ရေး လိုအပ်ချက်များကို ဦးစားပေး လုပ်ဆောင်ရန် လိုအပ်သော ခြေလှမ်းအဖြစ် ကာကွယ်ပြောဆိုခဲ့ပါတယ်။
ကွန်ဂရက်သို့ တရားဝင်သတိပေးချက်မရှိဘဲ ကျန်ရှိသောအကူအညီများကို ရပ်တန့်ရန် သို့မဟုတ် နှေးကွေးစေရန် ဆုံးဖြတ်ချက်က ထရမ့် ရဲ့ ပထမသက်တမ်းတုန်းက အတိုင်းပဲ ဖြစ်နေတယ်လို့ Politico ကမှတ်ချက်ပြုခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost
No comments:
Post a Comment