နေပြည်တော်၊ ဇူလိုင် ၁၇
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်တွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့ က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင်စရိတ်များထောက်ပံ့ခြင်း၊ ကျောင်းသုံးဗလာစာအုပ်များပေးအပ်ခြင်းနှင့် ကွန်ပျူတာသင်တန်းဆင်း အောင်လက်မှတ်များ ချီးမြှင့်ခြင်းအခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက်ရောက်သင်ကြားနေသော ပါတီဌာနချုပ် ဦးစီးရုံးအဖွဲ့ဝင်များနှင့် အကြမ်းဖက်တိမ်းရှောင်မိသားစုများ၏ သားသမီး ကျောင်းသား/ကျောင်းသူများအား ပညာသင်စရိတ်များအားချီးမြှင့်ထောက်ပံ့ရာ မူလတန်းအဆင့် (၁၂၄)ဦးအတွက် ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းကလည်းကောင်း၊ အလယ်တန်းအဆင့် (၄၄)ဦးအတွက် အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးကလည်းကောင်း၊ အထက်တန်းအဆင့် (၇၀)ဦးအတွက် ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းကလည်းကောင်း၊ အဆင့်မြင့်တန်း (၃၃)ဦးအတွက် ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်းကလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ပါတီဥက္ကဋ္ဌ ဦးခင်ရီက မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် အဆင့်မြင့်ပညာတန်းများအတွက် ကျောင်းသုံးဗလာစာအုပ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး ပါတီဌာနချုပ်တွင် ဖွင့်လှစ်သည့် အခြေခံကွန်ပျူတာသင်တန်းတွင် အောင်မြင်ခဲ့သော ဦးစီးရုံးအဖွဲ့ဝင်များအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ကျောင်းသူ/ကျောင်းသူများ၏ကိုယ်စား ကျောင်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားအား နေ့လည် ၁၁ ၂၀ အချိန်တွင် အောင်မြင်စွာရုတ်သိမ်းခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဌာနချုပ်မှူးနှင့် ဌာနမှူးများ၊ ဦးစီးရုံးအဖွဲ့ဝင်များ၊ ကျောင်းသား/ကျောင်းသူများနှင့် မိဘများတက်ရောက်ခဲ့ကြသည်။
https://t.me/MyanmarNationalPost








No comments:
Post a Comment