တက္ကဆက် ရေကြီးမှုက လူပေါင်း ရာနဲ့ချီသေ၊ ရာနဲ့ချီပျောက်ဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တက္ကဆက် ရေကြီးမှုက လူပေါင်း ရာနဲ့ချီသေ၊ ရာနဲ့ချီပျောက်ဆုံး





ဇူလိုင် - ၉ ( ဗုဒ္ဓဟူးနေ့ ) 

တောင်ကုန်းတောင်တန်းထူထပ်တဲ့ တက္ကဆက်ပြည်နယ် အလယ်ပိုင်းတွင် ရေကြီးရေလျှံမှုများကြောင့် ပျောက်ဆုံးနေသူ အရေအတွက်မှာ ပြီးခဲ့သည့် သီတင်းပတ်အတွင်း သိသိသာသာ မြင့်တက်လာခဲ့ပြီး လူပေါင်း ၁၇၃ ဦး ရှိကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး က အင်္ဂါနေ့တွင် ပြောကြားခဲ့ပါတယ်။ 

ပျောက်ဆုံးသူအများစုက ကားရ် ကောင်တီမှာ ဖြစ်ပြီး လက်ရှိကောက်ခံထားရတဲ့ စာရင်းအရ ၁၆၁ ဦး ရှိတယ်လို့ သိရပါတယ်။ အခြားခရိုင်တွေမှာလည်း လူ ၁၂ ဦး ပျောက်ဆုံးနေပါတယ်။ ကားရ် ကောင်တီသည် သောကြာနေ့အစောပိုင်းတွင် လျှပ်တပြက်ရေလွှမ်းမိုးမှုဒဏ်ကို အဆိုးရွားဆုံးခံစားခဲ့ရပြီး ဒေသတွင်းရှိ နာမည်ကြီးအပန်းဖြေနေရာဖြစ်သည့် ဂွာဒါလူပီမြစ် တစ်လျှောက် အဆိုးဝါးဆုံး ဖြစ်ခဲ့ပါတယ်။ 

လက်ရှိကောက်ခံရရှိထားတဲ့ စာရင်းအရ မိုင်စတစ်လေ့လာရေးစခန်းမှာ စခန်းချသူ ၂၇ ဦးနှင့် အုပ်ချုပ်သူများ အပါအဝင် ရေကြီးရေလျှံမှုတွင် သေဆုံးသူ ၁၀၈ ဦးရှိကြောင်း အတည်ပြုခဲ့ပါတယ်။ ပျောက်ဆုံးနေသူစာရင်းတွင် စခန်းသွင်းသူလေ့ကျင့်သူ ငါးဦးနှင့် အကြံပေးတစ်ဦးတို့ ပါဝင်ကြောင်း သိရပါတယ်။ 

အမေရိကားကို ဝင်လာတဲ့ ဟာရီကိန်းမုန်တိုင်း ဟာဗေးကြောင့် သေဆုံးရသူ ဦးရေထက် ရေကြီးမှုကြောင့် သေဆုံးရသူ ဦးရေက အများကြီး ပိုနေတာကြောင့် ဒါက သဘာဘေးအန္တရာယ် ကပ်ဆိုးကြီးဖြစ်တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောသွားပါတယ်။ 

ရေကြီးမှုနဲ့ ပတ်သက်ပြီး မီဒီယာတွေက ပြည်နယ်အုပ်ချုပ်ရေးမှူးကို ကြိုတင်သတိပေးချက်တွေကို အချိန်မီမကြေညာ နိုင်ခဲ့ဘူးလားဆိုပြီး မေးတဲ့ မေးခွန်ကို ၎င်းက အရှုံးသမားတွေပြောတဲ့ စကားတွေ လာမပြောနဲ့ ဆိုပြီး ငြင်းဆိုလိုက်ပါတယ်။ “ကျနော်ပြောပြမယ်။ ဘောလုံးအသင်းတိုင်း အမှားလုပ်မိတာပဲ၊ ရှုံးသွားတဲ့ အခါကျမှ ဟိုလူ့အပြစ်တင်၊ ဒီလူ့အပြစ်တင်တွေ လုပ်နေတာကမှ တကယ်ရှုံးတာပါ” လို့ ဆိုသွားပါတယ်။ 


REF: UPI

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)