ဆေးတက္ကသိုလ်-မန္တလေး၏ (၅၃) ကြိမ်၊ (၅၄) ကြိမ်နှင့် (၅၅) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆေးတက္ကသိုလ်-မန္တလေး၏ (၅၃) ကြိမ်၊ (၅၄) ကြိမ်နှင့် (၅၅) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ


မန္တလေး၊ ဇူလိုင် ၂၆

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊‌ ဆေးတက္ကသိုလ် မန္တလေး၏ ဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီက မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ၇၈ လမ်း ၃၈ လမ်းရှိ ရတနာပုခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ဆေးတက္ကသိုလ် မန္တလေး၊ ပါမောက္ခချုပ်၊ ပါမောက္ခ ဒေါက်တာမျိုးသက်တင် ဆေးနှီးနွယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ စီမံခန့်ခွဲရေးအဖွဲ့နှင့် ပညာရေးအဖွဲ့ဝင်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဘွဲ့ရမောင်မယ်များ တက်ရောက်ကြသည်။

အစီအစဉ်အရ ဆေးတက္ကသိုလ်-မန္တလေး၊ ပါမောက္ခချုပ်က ဆေးဆရာဝန်များ လိုက်နာရမည့် သစ္စာအဓိဋ္ဌာန် (၉) ချက်ကို တိုင်ပေးပြီး ဆေးပညာပါရဂူဘွဲ့၊ ဆေးပညာမဟာသိပ္ပံဘွဲ့နှင့် ဆေးပညာသိပ္ပံဘွဲ့များအတွက် ကောင်းစွာအောင်မြင်ပေါက်မြောက်ခဲ့ပြီဟု ပညာရေးအဖွဲ့က ကြေညာခြင်းခံကြရသူများအား ဘွဲ့များအပ်နှင်း‌သည်။

ဆေးတက္ကသိုလ် မန္တလေး၏ (၅၃) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် Ph.D (၅) ဦး၊ Dr.MedSc (၁၃) ဦး၊ M.MedSc (၅၃) ဦးနှင့် M.B,B.S (၅၁) ဦး၊ (၅၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် Ph.D (၃) ဦး၊ Dr.MedSc (၃) ဦး၊ M.MedSc (၆) ဦးနှင့် M.B,B.S (၅၂) ဦး၊ (၅၅) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် Dr.MedSc (၁) ဦး၊ M.MedSc (၃၁) ဦးနှင့် M.B,B.S (၉၇) ဦး၊ စုစုပေါင်း (၃၁၃) ဦးနှင့် အဝေးရောက်ဘွဲ့ယူသူ (၂၈) ဦးတို့အား ပါမောက္ခချုပ်က ဘွဲ့လက်မှတ်များ ချီးမြှင့်ပေးအပ်ပြီး ဘွဲ့နှင်းသဘင်မိန့်ခွန်း ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။


မြင့်မော်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)