ယူကရိန်းတွင် သားဖြစ်သူကို စစ်သားစုဆောင်းရေးက ခေါ်သွားလို့ အမေဖြစ်သူ လိုက်ဆွဲ ရင်းသေဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယူကရိန်းတွင် သားဖြစ်သူကို စစ်သားစုဆောင်းရေးက ခေါ်သွားလို့ အမေဖြစ်သူ လိုက်ဆွဲ ရင်းသေဆုံး



 ဇူလိုင် - ၉ (ဗုဒ္ဓဟူးနေ့)

ယူကရိန်းနိုင်ငံအရှေ့ပိုင်း ခါကော့ဗ် ဒေသက မြို့တစ်မြို့မှာ သားဖြစ်တဲ့သူကို ယူကရိန်းစစ်သားစုဆောင်းရေး တွေက ဖမ်းဆီးသွားလို့ အမေဖြစ်သူက စုဆောင်းရေးကားကို တားမြစ်ဖို့ကြိုးစားတဲ့အနေနဲ့ အရှေ့လေကာမှန်မှာ တွဲလောင်းခိုပြီး တရွတ်တိုက်ပါသွားလို့ သေဆုံးသွားတယ်လို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။ အဲ့ဒိ ရုပ်ရှင်ဆန်ဆန် ဗီဒီယိုကလစ်က ယူကရိန်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့သွားပါတယ်။ 

ဒေသဆိုင်ရာရဲဌာနပြောရေးဆိုခွင့်ရှိသူ က အမျိုးသမီးသေဆုံးမှုသတင်းများကို ငြင်းဆိုခဲ့ပါတယ်။ “ဗန်ကားကို ရပ်တန့်ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသမီးကို ဆေးရုံကို ခေါ်ဆောင်သွားခဲ့ပါတယ်။ ဒါပေမဲ့သူမရဲ့ တောင်းဆိုမှုတွေကို တော့ ငြင်းပယ်ခဲ့ပါတယ်။ သူမ အသက်ရှင်နေသေးပါတယ်” လို့ ၎င်းက TSN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ ခါကော့ဗ် ဒေသ၊ မီရီဖာ မြို့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒေသတွင်း တယ်လီဂရမ် ချန်နယ် တစ်ခုက လွှင့်တင်ထားတဲ့ ဗီဒီယိုဖိုင် ဖြစ်ပြီး အဲ့ဒါကို သတင်းဝဘ်ဆိုဒ် Strana.UA ကတစ်ဆင့် ပြန်လွှင့်တာပါ။ ဗီဒီယိုဖိုင်မှာ အသက်ခြောက်ဆယ်ကျော်လို့ ယူဆရသည့် အမျိုးသမီးတစ်ဦး အော်ဟစ်နေစဉ် လမ်းကို နောက်ပြန်ဆုတ်သွားသည့် ဗင်ကားတစ်စီး၏ လေကာမှန်ကို တွယ်ကပ်နေသည်ကို ပြသထားပါတယ်။ အခင်းဖြစ်ပွားရာကို ရိုက်ကူးသည့် မျက်မြင်သက်သေတစ်ဦးက အဆိုပါယာဉ်သည် စစ်သား စုဆောင်းသူများနှင့် သူမရဲ့သား ကားအတွင်းမှာရှိကြောင်း အခိုင်အမာဆိုထားပါတယ်။ 

ယူကရိန်းက စစ်မြေပြင်တွင် စစ်သား ကျဆုံးမှု များပြားနေခြင်းကြောင့် စစ်မှုထမ်းခြင်းဆိုင်ရာ ဥပဒေများကို တင်းကျပ်ထားပြီး ဥပဒေမူကြမ်းကို အသက် ၂၇ နှစ်မှ ၂၅ နှစ်အထိ လျှော့ချကာ စစ်ဘက်စုဆောင်းသူများ၏ စွမ်းအားကို တိုးမြှင့်ခဲ့ပါတယ်။ နယ်မြေစုဆောင်းရေးနှင့် လူမှုကူညီရေးဌာနများ (TCR) က ကြီးကြပ်တဲ့ စည်းရုံးမှု လှုံ့ဆော်မှုက လက်တွေ့မှာ ချိုးဖောက်မှုများရှိနေပြီး မတရားတဲ့ စုဆောင်းမှု နည်းဗျူဟာများအပေါ် ဝေဖန်မှုများ တိုးလာခဲ့ပါတယ်။ 

စစ်သားစုဆောင်းရေး အရာရှိများက အရပ်သားတွေရဲ့ ထိပ်တိုက်ခုခံမှုများကို တိုးပြီးကြုံတွေ့နေရပါတယ်။ အချို့ဗီဒီယိုတွေမှာ ဆိုရင် စုဆောင်းရေး ကားထဲကနေခုန်ချ ထွက်ပြေး တဲ့အမျိုးသားတွေရဲ့အကြောင်းကိုလည်း ဆိုရှယ်မီဒီယာတွေမှာ တွေ့နေရပါတယ်။  Strana.UA သတင်း ပြောကြားချက်အရ အဆိုပါ အမျိုးသမီးသည် လူနာတင်ယာဉ်ပေါ်မှာ သေဆုံးသွားခဲ့တယ် သိရပါတယ်။ 

ယူကရိန်းလွှတ်တော်အမတ် ရိုမန် ကိုစတန်ကို ကတော့ လူသစ်စုဆောင်းခံရသူ လေးဦးတွင် တစ်ဦးလောက် ကသာ ဆန္ဒအလျောက် စာရင်းသွင်းခဲ့တာလို့ ဆိုပါတယ်။ "ရက်စက်ကြမ်းကြုတ်စွာ မသင်မနေရ စစ်မှုထမ်းခြင်း" လို့ ဆိုလိုက်ပါတယ်။ 

ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနကတော့ ၎င်းရဲ့ စည်းရုံးလှုံ့ဆော်မှုလုပ်ငန်းစဉ်တွေကို  "ရုရှားတွေကဝါဒ ဖြန့်မှုတွေ လုပ်နေတယ်" လို့ဆိုပြီး အဲ့ဒိဗီဒီယိုဖိုင်တွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ရာကို  တရားဝင်ပယ်ချခဲ့ ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)