ဇူလိုင် - ၁၇ ( ကြာသပတေးနေ့ )
စင်္ကာပူတွင် ကန်ဒေါ်လာ သန်း ၈ ထောင်ကုန်ကျမယ့် တန်ဖိုးကြီး ဇိမ်ခံ Las Vegas Sands အိမ်ရာကို မကြာမီ တည်ဆောက်မှာ ဖြစ်ပြီး အဲ့ဒိ အပန်းဖြေစခန်းက စက်မှုလုပ်ငန်းများနဲ့ ပတ်သက်တဲ့ လုပ်နိုင်စွမ်း စံနှုန်းများကို ပြသထားမှာ ဖြစ်ပြီး စင်ကာပူကျွန်းကို ချဲ့ထွင်တဲ့ ပုံရိပ်တစ်ခုဖြစ်လာမယ်လို့ ကုမ္ပဏီက ပြောပါတယ်။
အဲ့ဒိနေရာကို ဖန်တီးဖို့ စင်ကာပူအစိုးရနှင့် Las Vegas Sands ကိုယ်စားလှယ်တို့နဲ့အတူ အနာဂတ် ဇိမ်ခံဖျော်ဖြေရေးနေရာများကို တာဝန်ယူလုပ်ကိုင်မယ့်သူများ က ဖော်ထုတ်ခဲ့ပါတယ်။ "ဒါဟာ ကမ္ဘာပေါ်မှာ ဇိမ်ခံမှုအကောင်းဆုံး နဲ့ ဝန်ဆောင်မှု အမြင့်မားဆုံးဟိုတယ် ဖြစ်လာမှာပါ" လို့ ကုမ္ပဏီဥက္ကဋ္ဌက အခမ်းအနားမစမီ The Straits Times သတင်းဌာန ကို ပြောကြားခဲ့ပါတယ်။ ၎င်းကို ၂၀၃၀ တွင်ပြီးစီးရန်စီစဉ်ထားပြီး ၂၀၃၁ တွင် ဖွင့်လှစ်ရန် တာဝန်ရှိသူများက မျှော်လင့်ထားပါတယ်။
စင်ကာပူ ဝန်ကြီးချုပ် လော့ရင့်ဝေါင်း နှင့် ကုမ္ပဏီ ပူးတွဲတည်ထောင်သူ မာရီယန် အဒယ်လ်ဆန် တို့ အပါအဝင် အခမ်းအနားသို့ ဧည့်သည် ၂၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။ စင်ကာပူအနုပညာရှင် ဂျက်စမင်ဆော့ကို နဲ့ ကနေဒါ အဆိုတော် တေးရေးဆရာ ဟင်နရီ လျူ တို့က ဧည့်ခံဖျော်ဖြေကြပါတယ်။
အထပ် ၅၅ ထပ်ရှိ ဇိမ်ခံဟိုတယ်မှာ အခန်းပေါင်း ၅၇၀၊ ကာစီနို၊ ဈေးဝယ်၊ အလှပြင်ခန်းနဲ့ ကျန်းမာရေးဆေးခန်းများ၊ စည်းဝေးပွဲကျင်းပရာနေရာများ နဲ့ ပေ ၂သောင်း နဲ့ ထိုင်ခုံ ၁သောင်းခွဲ ရှိသော ဖျော်ဖြေရေးကွင်းတစ်ခုတို့ ပါဝင်မှာဖြစ်ပါတယ် ။ ခေတ်မီဆန်းသစ်သော အားကစားကွင်းကို Las Vegas ရှိ Sphere နှင့် ဗြိတိန်ရှိ O2 Arena တို့ကို ဖန်တီးခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာကုမ္ပဏီ Populous မှ ဒီဇိုင်းထုတ်ထားပါတယ်။
ကုမ္ပဏီ၏အဆိုအရ၊ အပန်းဖြေစခန်းအသစ်သည် နယ်နိမိတ်များကိုချဲထွင်တာဖြစ်တယ် လို့ သိရပါတယ်။ "ဧည့်ဝတ်ပြုခြင်းလုပ်ငန်း နဲ့ စင်ကာပူမှာ ဇိမ်ခံခရီးသွားလုပ်ငန်း ခေတ်သစ်ကို ပို့ဆောင်ပေးမယ့် ကုန်ပစ္စည်းတစ်ခု တင်သွင်းဖို့ ကျနော်တို့မှာ ရည်ရွယ်ချက်ရှိပါတယ်" လို့ ဆိုပါတယ်။ ဒီဇိုင်းကို Marina Bay Sands ရဲ့ နောက်ကွယ်မှ Safdie Architects ကုမ္ပဏီ မှ Moshe Safdie က ဦးဆောင်ထားပါတယ်။
REF: UPI
https://t.me/MyanmarNationalPost



No comments:
Post a Comment