နေပြည်တော်၊ ဇူလိုင် ၃၀
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး မစ္စတာ အင်မရန် ဟိုက်ဒါ အား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့်ပါကစ္စတန်နိုင်ငံတို့အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးအပေါ် သုံးသပ်ခဲ့ကြပြီး၊ နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့်နယ်ပယ်များ အထူးသဖြင့် ယဉ်ကျေးမှု၊ စွမ်းရည်မြှင့်တင်ရေး၊ ခရီးသွားကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှု ပိုမို ခိုင်မာစေရေးအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment