၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ













ပုသိမ်၊ ဇူလိုင်  ၃၀

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊  အခြေခံပညာ ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၈-၇-၂၀၂၅ ရက်နေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့ဇနီးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားကြမည့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း အသင်းနှင့် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းအသင်းများမှ အားကစားများအား တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် နှစ်ဘက်အသင်းမှအားကစား သမားများအား လိုက်လံနှုတ်ဆက်အားပေးခဲ့ကာ ပြိုင်ပွဲဝင်အသင်းများ၏ ယှဉ်ပြိုင်ကစားနေမှု များကိုကြည့်ရှုအားပေးခဲ့သည်။ ၎င်းပွဲစဉ်တွင် အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ 

ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ ပွဲစဉ်တစ်လျှောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်းနှင့် ဂိုးသမားအကောင်းဆုံးဆုရရှိသူများကို ဆုတံဆိပ်နှင့် ငွေသားဆုကို တိုင်းဒေသကြီးပညာရေးမှူးကလည်းကောင်း၊   ပွဲစဉ်တစ်လျှောက် အမျိုးသားဘောလုံးပြိုင်ပွဲ  ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်းနှင့် ဂိုးသမားအကောင်းဆုံးဆု ရရှိသူများကို ဆုတံဆိပ်နှင့် ငွေသားဆုကို တိုင်းဒေသကြီးပညာရေးမှူး(ငြိမ်း) ဦးကြည်အောင်ကလည်းကောင်း၊ ပွဲစဉ်တစ်လျှောက် အမျိုးသမီးအကောင်းဆုံးအားကစားသမားဆုရရှိသူအား ဆုတံဆိပ်နှင့်ငွေသားဆုကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၏ဇနီးကလည်းကောင်း၊ ပွဲစဉ် တစ်လျှောက် အမျိုးသားအကောင်းဆုံးအားကစားသမားဆုရရှိသူအား ဆုတံဆိပ်နှင့်ငွေသားဆုကို လူမှုရေးရာဝန်ကြီးကလည်းကောင်း၊ အမျိုးသမီးအထူးဆုရရှိသည့် အ.ထ.က(ခွဲ)(အ.လ.က)(၄) ဘောလုံးအသင်းအား ငွေသားဆုကို မြို့နယ်ပညာရေးမှူးကလည်းကောင်း၊ အမျိုးသမီးတတိယဆု ရရှိသည့် အ.ထ.က(၄) ဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုကို လူမှုရေးရာဝန်ကြီး၏ဇနီးကလည်းကောင်း၊ အမျိုးသားတတိယဆုရရှိသည့် အ.ထ.က(အနန်းကုန်း) ဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့်ငွေသားဆုကို စီးပွားရေးရာဝန်ကြီးက လည်းကောင်း၊ အမျိုးသမီးဒုတိယဆုရရှိသည့် အ.ထ.က(၂)ဘောလုံးအသင်းအား တစ်ဦးချင်းဆု တံဆိပ်များနှင့်ငွေသားဆုကို  တိုင်းဒေသကြီးဥပဒေချုပ်ကလည်းကောင်း၊ အမျိုးသား ဒုတိယဆု ရရှိသည့် အ.ထ.က(၂) ဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုကို  တိုင်းဒေသကြီးတရားသူကြီးချုပ်ကလည်းကောင်း၊ အမျိုးသမီးပထမဆုရရှိသည့် အ.ထ.က(၅) ဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်များ၊ ငွေသားဆုနှင့်ဆုဖလားကို တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ အမျိုးသားပထမဆုရရှိသည့် အ.ထ.က(၅)ဘောလုံး အသင်းအား တစ်ဦးချင်းဆုတံဆိပ်များ၊ ငွေသားဆုနှင့်ဆုဖလားကို တိုင်းဒေသကြီးဝန်ကြီးချုပ်က လည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး ဆုရရှိသည့်အသင်းများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)