တံတားဦးမြို့နယ် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တံတားဦးမြို့နယ် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချ



တံတားဦး၊ ဇူလိုင် ၁

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ပြည်သူများသို့ အခြေခံစားသောက်ကုန်များများအား ယနေ့နံနက် (၇) နာရီက တံတားဦးမြို့ စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးတောင်ဘက်လမ်းတွင် သက်သာသောဈေးနှုန်းဖြင့် ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးကြောင်း သိရသည်။

ထိုသို့ရောင်းချပေးရာ၌ တံတားဦးခရိုင်/မြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် တံတားဦးမြို့နယ် မေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ဆန်ကုန်သည်များအသင်း၊ ဆီကုန်သည်များအသင်းနှင့် ဥစားကြက်မွေးမြူရေးလုပ်ငန်းရှင်များ ပူးပေါင်း၍ ပြည်သူများအတွက် လက်ရှိကာလပေါက်ဈေးနှုန်းထက် ၂၀ ရာခိုင်နှုန်းလျော့ချ၍ ရောင်းချခဲ့ရာ အမဲသားမှာ မူရင်းဈေးဖြစ်သည့် တစ်ပိဿာလျှင် (၃၄၀၀၀) ကျပ်အစား သက်သာသော ဈေးအဖြစ် တစ်ပိဿာလျှင် ၂၈၀၀၀ ကျပ်ဖြင့် အချိန် (၃၀) ပိဿာ၊ ဝက်သားမှာ မူရင်းဈေးဖြစ်သည့် တစ်ပိဿာလျှင် (၃၆၀၀၀) ကျပ်အစား သက်သာသောဈေးအဖြစ် တစ်ပိဿာလျှင် ၃၀၀၀၀ ကျပ်ဖြင့် အချိန် (၃၅) ပိဿာ၊ ဆိတ်သားမှာ မူရင်းဈေးဖြစ်သည့် တစ်ပိဿာလျှင် (၄၄၀၀၀) ကျပ်အစား  သက်သာသောဈေးအဖြစ် တစ်ပိဿာလျှင် ၃၆၀၀၀ ကျပ်ဖြင့် အချိန် (၁၅) ပိဿာ၊ ကြက်ဥတစ်လုံးလျှင် မူရင်းဈေးမှာ (၄၅၀) ကျပ်အစား သက်သာသောဈေးအဖြစ် တစ်လုံးလျှင် (၃၀၀) ကျပ်ဖြင့် ကြက်ဥ (၁၅၀၀) လုံး၊ စားဆီတစ်ပိဿာလျှင် မူရင်းဈေးမှာ (၁၀၀၀၀) ကျပ်အစား သက်သာသောဈေးအဖြစ် တစ်ပိဿလျှင်(၇၄၀၀)ကျပ်ဖြင့် ဆီ (၁၂၀) ပိဿာ၊ ဆန်တစ်ပြည်လျှင် မူရင်းဈေးမှာ (၄၅၀၀) ကျပ်အစား သက်သာသောဈေးအဖြစ် တစ်ပြည်လျှင် (၃၅၀၀) ကျပ်ဖြင့် ဆန် (၂၄၀) ပြည်တို့ကို စားသုံးများ၏ လက်ဝယ်အရောက် ရောင်းချပေးကြောင်း သိရသည်။

အဆိုပါရော်းချနေမှုအား တံတားဦးမြို့ စည်ပင်သာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်မင်းမင်းထွန်းနှင့်ဝန်ထမ်းများ၊ သက်ဆိုင်ရာတာဝန်ရှိသူများက ရောင်းချကြရာ ဈေးရောင်း၊ ဈေးဝယ်များ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။


ရဲတင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)