တာချီလိတ်၊ ဇူလိုင် ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ဇူလိုင်လ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့တို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နမ့်ယွန်းချောင်း၊ မယ်ခေါင်ချောင်းနှင့်မယ်ဆိုင်ချောင်း ရေကြီးရေလျှံမှုများကြောင့် ယမန်နေ့ နံနက်ပိုင်းတွင် စိုးရိမ်ရေမှတ်အထက်(၆)ပေကျော် သို့ရောက်ရှိခဲ့ပြီး မြို့ပေါ်ရပ်ကွက်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ ရေဘေးကြုံတွေ့နေရသည့် ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ချောင်းရေများ ဆက်လက်မြင့်တက်လာလျက်ရှိသဖြင့် သက်ဆိုင်ရာဌာနများက ရေဘေးအန္တရာယ် အသိပညာပေး လှည့်လည်နှိုးဆော်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့နောက် ရေဘေးသင့်ပြည်သူများအတွက် အောင်မြတ်ခန်းမတွင် ကူညီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိပြီး ရေဘေးသင့်ပြည်သူများအား နယ်မြေခံတပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မင်းထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဝေသုံနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမျိုးတို့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင်များက ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့် ထမင်းထုပ်များ၊ ရေသန့်ဘူးများ လိုက်လံဝေငှပေးခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် တံတားများတွင် တင်ခံနေသော အမှိုက်သရိုက်များအား စက်ယန္တရားနှင့် လူအင်အားများဖြင့် ရှင်းလင်းဖယ်ရှားခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment