ဥတ္တရသီရိမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာ သင်တန်းအမှတ်စဉ် (၂/၂၀၂၅) ဖွင့်ပွဲအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဥတ္တရသီရိမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာ သင်တန်းအမှတ်စဉ် (၂/၂၀၂၅) ဖွင့်ပွဲအခမ်းအနား ကျင်းပ




ဥတ္တရသီရိ၊ ဇူလိုင် ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ မြန်မာအီလက်ထရောနစ် (MEVM)ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာသင်တန်း အမှတ်စဉ်(၂/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်းပညာရတနာခန်းမ၌ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်၊ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး ရဲမိုး၊ ဦးမြင့်စိုး၊ ဦးမင်းဦး၊ ဦးဟန်သူနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်က နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးက သင်တန်းဖွင့်အမှာစကားပြောကြားရာ မဲရုံအဖွဲ့ဝင်များသည် ရွေးကောက်ပွဲကျင်းပနေစဉ်ကာလ လက်တွေ့နယ်ပယ်တွင် မဲပေးစက်များကိုဖြန့်ဝေခြင်း၊ ထုတ်ယူခြင်း၊ စက်များတပ်ဆင်ခြင်း၊ နေရာချထားခြင်း၊ ကိုင်တွယ်အသုံးပြုခြင်း၊ လုပ်ငန်းအဆင့်ဆင့်ကို တိကျစွာလိုက်နာဆောင်ရွက်တက်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာအခြေခံလုပ်ငန်းများကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ပေးရသော သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များသည် ပြဌာန်းထားသော ဥပဒေ၊ နည်းဥပဒေများကို ကောင်းစွာသိရှိထားမှသာ မိမိတို့၏လုပ်ငန်းဆောင်ရွက်ချက်များသည် ဥပဒေနှင့်ညီညွှတ်မှုရှိသော လွတ်လပ်၍တရားမျှတသော ဆောင်ရွက်ချက်များဖြစ်မှာဖြစ်ကြောင်း၊ ယခုကျင်းပပြုလုပ်မည့်‌ ရွေးကောက်ပွဲတွင် အီလက်ထရောနစ်မဲပေးစက်များကို အသုံးပြုပြီးမဲပေးမှာဖြစ်သည့်အတွက် ပယ်မဲများမရှိတော့ဘဲ မဲပေးရာမှာ ရှင်းလင်းလွယ်ကူ မြန်ဆန်စွာမဲပေးနိုင်မှာဖြစ်ကြောင်း၊ မဲပေးရာတွင်နားလည်ရန်လွယ်ကူခြင်း၊ အချိန်တိုအတွင်းမဲရလဒ်များရေတွက်နိုင်ခြင်း၊ တိကျသောမဲရလဒ်များရရှိခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ မဲမသမာမှုမရှိခြင်း စသည့်အကျိုးများရရှိနိုင်မှာဖြစ်ကြောင်း၊ ယခုသင်တန်းမှာလည်း မဲပေးစက်ကို တာဝန်ယူကိုင်တွယ်အသုံးဖို့အတွက် မဲရုံအဖွဲ့ဝင်များအဖြစ်တာဝန်ပေးအပ်ရန် ရွေးချယ်ထားသူများကို မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းဆိုင်ရာ သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်အဆင့်ဆင့်ကို ဆောင်ရွက်ရသည့်မဲရုံများတွင် တာဝန်ထမ်းဆောင်ကြသော မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ၏ အခန်းကဏ္ဍသည် အရေးကြီးသဖြင့် စနစ်တကျအလေးထားကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးက ဇေယျာသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်များမှ သင်တန်းသားဦးရေ ၇၆၅ ဦးအတွက် ချီးမြှင့်ငွေများပေးအပ်ပြီး MEVM မဲပေးစက်များ သရုပ်ပြတပ်ဆင်အသုံးပြုပုံကို ကြည့်ရှုကာ သင်တန်းတက်ရောက်မည့်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။


အောင်မျိုးဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)