မိုင်းဆတ်-တာချီလိတ်လမ်းပေါ်ရှိ ဆိုက်ခေါင်တံတားသစ် စီမံကိန်းနေရာနှင့် လက်ရှိအသုံးပြုနေ သည့် တံတားဟောင်း၏ ကြံ့ခိုင်မှုတို့အားစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းဆတ်-တာချီလိတ်လမ်းပေါ်ရှိ ဆိုက်ခေါင်တံတားသစ် စီမံကိန်းနေရာနှင့် လက်ရှိအသုံးပြုနေ သည့် တံတားဟောင်း၏ ကြံ့ခိုင်မှုတို့အားစစ်ဆေး



နေပြည်တော်၊ ဇူလိုင် ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့ နယ် မိုင်းဆတ်-တာချီလိတ် လမ်းပေါ်ရှိ ဆိုက်ခေါင် တံတားသစ်စီမံကိန်းနေရာနှင့် လက်ရှိအသုံးပြုလျက်ရှိသော ဘေလီတံတား၏ ကြံ့ခိုင်မှုအခြေအနေ များအား ဇူလိုင် ၁၄ ရက်ညနေပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ တိုင်းမှူးနှင့်အဖွဲ့ဝင်များအား တံတားဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက တံတားသစ် စီမံကိန်းအား တစ်ဆင့်ချင်းအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေ၊ Bored Pile (၁၀)ခု စိုက်ထူ သွားမည့်နေရာနှင့်ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းမှူးက လိုအပ်သည်များ မှာကြားသည်။ ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် လက်ရှိအသုံးပြုလျက် ရှိသောဘေလီတံတား၏ ကြံ့ခိုင်မှုအခြေအနေများကို တာဝန်ရှိသူများနှင့်အတူလိုက်လံစစ်ဆေး ကြည့်ရှုကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။

အဆိုပါ တံတားသစ်စီမံကိန်းမှာ ၂၀၂၅-၂၀၂၆ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက် လျက်ရှိသော မိုင်းဆတ်-တာချီလိတ် လမ်းပေါ်မှ နမ့်ခုတ်ချောင်း ကူးတံတားစီမံကိန်းဖြစ်ကာ အရှည် (၄၂၀)ပေရှိ RC Concrete အမျိုးအစားတံတားဖြစ်ပြီး ၂၀၂၅ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသောစီမံကိန်း တစ်ခုဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)