ဇူလိုင် - ၁၅ ( အင်္ဂါနေ့ )
"Bitcoin သည် $120,000 ဒစ်ဂျစ်တယ်ငွေကြေး တစ်မျိုး ဖြစ်တဲ့ ဘစ်ကွိုင်က တစ်ကွိုင်ကို ကန်ဒေါ်လာ ၁သိန်း ၂ သောင်းကျော်သွားပြီး စံချိန်သစ် ထပ်တင်လိုက်ပြီ ဖြစ်ပါတယ်။ ကွိုင် ၁ကွိုင်ရဲ့ နှစ်စဉ် အမြတ်ငွေက ၃၀ % နီးပါးကို ရောက်ရှိသွားပါတယ်။ CoinDesk ဒေတာအရ၊ တနင်္လာနေ့ ကမ္ဘာ့စံတော်ချိန် မနက် ၈ နာရီမှာ ဘစ်ကွိုင် တစ်ကွိုင်ကို ကန်ဒေါ်လာ ၁၂၂ ၇၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။
ဘစ်ကွိုင် နဲ့ပတ်သက်ရင် ခရစ်ပတိုသမ္မတလို့ ကိုယ့်ကိုယ်ကို နာမည်ပေးထားတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ တွန်းအားကြောင့် အခုလို ဈေးတွေတက်နေတာလို့ လေ့လာသူတွေက ဆိုကြပါတယ်။ ထရမ့်က မဲဆွယ်စည်းရုံးရေး လုပ်စဉ်ကာလက အမေရိကားကို ခရစ်ပတို နိုင်ငံအဖြစ် ထူထောင်မယ်ဆိုပြီး ကတိတွေပေးခဲ့ဖူးပါတယ်။ စက်မှုလုပ်ငန်းတွေမှာ ခရစ်ပတိုငွေကြေးကို အဓိကထားပြီး သုံးစွဲ မယ်လို့လည်း ပြောဟောစည်းရုံခဲ့တာတွေကြောင့် ဘစ်ကွိုင်လို ခရစ်ပတိုငွေကြေးတွေ က ဈေးကောင်းမြဲ ကောင်းနေဆဲ ဖြစ်ပါတယ်။
ထရမ့်က ခရစ်ပတို ငွေကြေး နဲ့ပတ်သက်ပြီး တရားစွဲခံထားရတဲ့ အမှုတွေကို ဖယ်ရှားခဲ့ပါတယ်။ ပထမဆုံး ဘစ်ကွိုင် ETFs ကို အတည်ပြုခဲ့ပြီး ပိုမိုကျယ်ပြန့်သောရင်းနှီးမြုပ်နှံမှုများကို ဖွင့်လှစ်ပေးခဲ့သည်။ Bitcoin ETFs များသည် ဇူလိုင်လ ၁၀ ရက်နေ့တွင် အသားတင်ဝင်ရောက်မှုတွင် ကန်ဒေါ်လာ ဘီလီယံ ၅၀ ကျော်လွန်သွား ခဲ့ကြောင်း Farside Investors အချက်အလက်များက ပြသခဲ့ပါတယ်။
ပြီးခဲ့တဲ့ မတ်လတုန်းက ထရမ့်သည် အမေရိကန် ဗျူဟာမြောက် ဘစ်ကွိုင်အရန်ငွေ ကိုတည်ထောင်ရန် အမိန့်ကို လက်မှတ်ရေးထိုးခဲ့ပြီး အမေရိကန် ကို "ကမ္ဘာ့ ခရစ်ပတို မြို့တော်" ဖြစ်စေရန် ၎င်း၏ကတိပြုချက်နှင့်အညီ လက်မှတ်ရေးထိုးခဲ့ပါတယ်။ အရီဇိုနား နဲ့ နယူးဟမ်ပ်ရှိုင်းယာ ပြည်နယ်တို့မှာ နိုင်ငံတော်အဆင့် ဘစ်ကွိုင် အရန်ငွေများ ဖန်တီးခြင်းဆိုင်ရာ ဥပဒေများကို အတည်ပြုခဲ့ပါတယ်။
အချို့သော ကျွမ်းကျင်သူများက အမေရိကန်ဒေါ်လာ နဲ့ ဘစ်ကွိုင်တို့ရဲ့ ပြောင်းပြန်ဆက်ဆံရေးကို ထောက်ပြခဲ့ပြီး ဒေါ်လာတွေက ယခုနှစ်တွင် ၁၀ % နီးပါးကျဆင်းသွားတာနဲ့ ခရစ်ပတိုငွေကြေးတွေ တန်ဖိုးတက်လာတာကို အညွှန်းကိန်းတွေနဲ့ ပြခဲ့ပါတယ်။ ဒေါ်လာငွေဈေးကျသွားတာက ထရမ့်ရဲ့ အခွန်စည်းကြပ်မှုကြောင့်ဖြစ်ပြီး ဒေါ်လာဈေးကျလာတာကြောင့် ရင်းနှီးမြုပ်နှံသူတွေက ခရစ်တိုငွေကြေးဘက်ကို ဦးလှည့်လာလို့ ဈေးတွေ တက်လာတာပဲ ဖြစ်ပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment